CHAPTER (5-2)

433 68 1
                                    

လျိုမောက်သည် အားနာနေသောအသံဖြင့် ပြောလာသည်။ "မစ္စစ်ရွမ်၊ ဆောရီးနော် ခဏနေကျရင် ကျွန်တော့်သူငယ်ချင်းတစ်ယောက်ပါ ပါလာလိမ့်မယ်ဗျ "

"သူငယ်ချင်းတစ်ယောက်လား" လျိုမောက်ဆိုလိုသည့် အဓိပ္ပာယ်ကို ရွမ်ယွီက နားမလည်ဘဲ သူမနှင့် ချိန်းဆိုမှုအား ပယ်ဖျက်တော့မည်ဟု ထင်လိုက်တာဖြစ်သည်။

"အရင်တစ်ခေါက်က ကျွန်တော်ပြောဖူးတဲ့ စီနီယာဆိုတဲ့တစ်ယောက်လေ ၊ အခု သူက ဒီနိုင်ငံကို ပြန်ရောက်နေတာ၊ ဒီလိုအမှုတွေဆို စိတ်ဝင်စားတက်လို့ ၊ အဲ့ဒါသူလည်း ဝင်ပြီးဆွေးနွေးချင်တယ်လို့ ပြောလို့ပါ "

ရွမ်ယွီ သက်ပြင်းချလိုက်မိသည်။ သူမအတွက် ထိုသည်က ကိစ္စမရှိဟု မှတ်ယူလို့ရပေသည်။

ထို့ကြောင့် အဆင်ပြေကြောင်းကို လျိုမောက်အား အားမနာနေစေရန် ရယ်လျက်ဖြင့် ပြန်ပြောလိုက်သည်။ "ကျွန်မအမှုကို  ရှင်တို့ကုမ္ပဏီကရှေ့နေနှစ်ယောက်က လာနားထောင်ပေးတယ်ဆိုတော့ ကောင်းတာပေါ့ရှင် "

"အဲ့....." လျိုမောက်သည် ပြောရန် တွန့်ဆုတ်နေလေသည်။

"ဘာဖြစ်လို့လဲ"

လျိုမောက်က ဟန်လုပ်ကာ ရယ်လိုက်လေသည်။ "တကယ်တမ်းပြောရရင် သူက နိုင်ငံတကာစာမေးပွဲမဖြေရသေးတော့ ဒီနိုင်ငံမှာ ရှေ့နေမဖြစ်သေးဘူးဗျ "

ယခုမှ လျိုမောက် ဘာကြောင့်အားနာနေခြင်းကို ရွမ်ယွီ သဘောပေါက်သွားမိသည်။ သူနှင့်အတူပါလာမည့် 'မကျွမ်းကျင်သူ" အတွက် လျိုမောက်သည် သူမအား အလေးမထားဘူးဟု ရွမ်ယွီ ထင်သွားမည်စိုးနေခြင်းဖြစ်ရပေမည်။

ထိုစီနီယာဆိုသူသည် ဤနိုင်ငံ‌တွင် ရှေ့နေမဖြစ်သေးသော်လည်း 'ရင်းနှီးမြှုပ်နှံသူ' ဖြစ်နေခြင်းက ဘာအတွက်လဲ ၊ အပျော်လုပ်နေတာများလား ။

"အဆင်မပြေဘူးဆိုလည်း....."

"အဆင်ပြေပါတယ်" ရွမ်ယွီက ချက်ချင်းပြန်ဖြေလိုက်သည်။

လျိုမောက်မှာ ကျဉ်းထဲကြပ်ထဲ ရောက်နေပုံရလေသည်။ ထိုသူအား မပယ်ရှားနိုင် မငြင်းဆိုနိုင်၍ သူမကို အားနာနေခြင်းဖြစ်ရပေမည်။

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now