CHAPTER (10-4)

353 59 3
                                    

ရွမ်ယွီမှာ ချန်ရှီရှီအကြောင်း စဉ်းစားနေမိရင်း ရွှီဟွိုက်စုန့်နှင့် ဗွီဒီ‌ယိုကောလ် စပြောနေရာ စိတ်မပါတစ်ပါဖြင့်  "မင်္ဂလာနံနက်ခင်းပါ မစ္စတာရွှီ"ဟု နှုတ်ဆက်လိုက်သည်။

ရွှီဟွိုက်စုန့်မှာ အရင်တစ်ခေါက်က အခန်းထဲမှာပင်ဖြစ်သည်။ ထိုလူက အခန်းအပြင်ဘက်သို့တစ်ချက်ကြည့်ကာ ပြန်ပြောလာသည်။ " မနက်ခင်းမဟုတ်တော့ဘူးလေ "

ရွမ်ယွီမှာ သူမအမှားကိုသိသွားသောကြောင့် ရှက်ကိုးရှက်ကန်းဖြင့် ရယ်လိုက်မိသည်။

ရွှီဟွိုက်စုန့်သည် စားပွဲပေါ်ရှိ စာရွက်စာတမ်းများကို ကောက်ကိုင်လိုက်ရင်း သူမကိုကြည့်ကာ ပြောလာသည်။ " ကျွန်တော်ဒါတွေအကုန် ဖတ်ပြီးသွားပြီ "

ရွမ်ယွီသည် မနေ့က ရှန်မင်ယင်နှင့် အပြင်မသွားခင် ထိုစာတမ်းများ ပို့ပေးခဲ့ခြင်းဖြစ်သည်။
"ပြဿနာတစ်ခုခုများ ရှိလားဟင်"

ရွှီဟွိုက်စုန့်သည် တစ်ခုခုပြောရန်ကြံလိုက်သော်လည်း we chat မှ နိုတီတက်လာသည်ကို တွေ့လိုက်ရသည်။ ရွှီဟွိုက်ရှီထံမှ ဖြစ်ပေသည်။ လျစ်လျူရှုရန်ကြံလိုက်သော်လည်း သူမထံမှ ပထမဆုံးပို့လာသောစာကြောင့် စိတ်ဝင်စားသွားမိသည်။ [ကိုကို၊ အဲ့စုချန်းကတော့လေ.....]

ပုံမှန်စကားစမြည်ပြောကြခြင်း မဟုတ်သဖြင့် ရွှီဟွိုက်စုန့်မှာ ရွမ်ယွီအား ခေတ္တစောင့်ခိုင်းကာ we chatသို့ဝင်လိုက်သည်။

ရွမ်ယွီမှာ တစ်ဖက်လူ၏ We chat ထံမှ နိုတီသံများကို နားထောင်ရင်း ပျင်းလာသည်။ ၁၅ မိနစ်ခန့်ကြာသောအခါ သူမဖုန်းဆီကလည်း နိုတီသံများ ထွက်ပေါ်လာလေသည်။

we chatကို ဖွင့်ကြည့်လိုက်သောအခါ လျိုမောက်မှာ သူတို့သုံးယောက်လုံးအတွက် Group chat ပြုလုပ်ပေးထားသည်ကို တွေ့ရသည်။

လျိုမောက်က  ပုံသုံးပုံပို့လာသည်။ weibo chat group မှ ပုံများဖြစ်ဟန်တူသည်။ လျိုမောက်က စာရိုက်လာသည်။ [နှစ်ယောက်လုံး ဒါကိုကြည့်ကြည့်ကြပါဦး]

ရွမ်ယွီလည်း ပုံများကိုချဲ့ကြည့်လိုက်ပြိီးနောက် စိတ်ရှုပ်သွားမိသည်။

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now