CHAPTER (20-1)

133 25 0
                                    

ရွမ်ယွီ နောက်သို့လှည့်ကြည့်လိုက်သောအခါ ရွှီဟွိုက်ရှီကို တွေ့လိုက်ရသည်။

ရွှီဟွိုက်စုန့်က တစ်ဦးတည်းသောသားမဟုတ်ကြောင်း သိထားသော်လည်း ဤမျှထိ ငယ်ရွယ်သောညီမ ရှိနေသည့်အကြောင်းကိုတော့ သိမထားပါ ။ ရွှီဟွိုက်ရှီ၏ ကျောင်းဝတ်စုံကိုကြည့်ရင်း ၁၆၊ ၁၇ အရွယ်ရှိ အထက်တန်းကျောင်းသူဟု သိလိုက်သည်။

ရွမ်ယွီ မသက်မသာ ခံစားလိုက်ရသည်။

စုမြို့ရှိ အမှတ်(၁)အထက်တန်းကျောင်းမှ  မှတ်တမ်းရေးရာခန်းတွင် သူမ၏ဓာတ်ပုံရှိနေလေသည်။ ရွှီဟွိုက်ရှီက ထိုကျောင်းမှ ဖြစ်နေနိုင်လေသည်။

ရွမ်ယွီ ရွှီဟွိုက်ရှီအား ပြုံးပြကာ ပြန်ပြောလိုက်သည်။ " ကျဲပဲလုပ်လိုက်ပါ့မယ်၊ ကောကောနဲ့ စကားသွားပြောနေလေ "

" သူနဲ့က ပြောစရာအထွေအထူးမရှိပါဘူး " ရွှီဟွိုက်ရှီက ​ပြန်ပြောလာသည်။ " ဒါကတော့ တော်တော်လွန်သွားပြီ ၊ ဧည့်သည်ကို သစ်သီးတွေ‌ ဆေးခိုင်းရတယ်လို့ "

ထိုကိစ္စမှာ ရွမ်ယွီအတွက်လည်း ထူးဆန်းသလို ဖြစ်နေခဲ့သော်ငြား ယခုတွင်တော့ သဘောပေါက်သွားလေပြီ ။

ရွှီဟွိုက်စုန့်က မိသားစုနှင့် သီးသန့်စကားပြောလိုသော်လည်း သူမရှိနေသဖြင့် အကြောင်းပြချက်ပေးကာ သူမအား ပထုတ်လိုက်ခြင်း ဖြစ်လောက်မည်။

သူ့စိတ်ထဲတွင် ရွမ်ယွီကိုများ လူမှုရေးနားမလည်သူဟု မြင်သွားလောက်မလား ။ သူမလည်း ထွက်သွားရန် ပြင်ခဲ့သေးတာပဲလေ ။

ရွှီဟွိုက်ရှီက ကော်ဖီခန်းထဲထိ လိုက်လာကာ ဖုန်းကိုချလိုက်ပြိး အင်္ကျီလက်ကို ခေါက်လိုက်လေသည်။

ရွမ်ယွီလည်း ဖုန်းပေါ်ရှိ လီရှိီးချန်၏ ဘတ်စကတ်ဘောဝတ်စုံနှင့် ကစားနေသည့်ပုံကို တွေ့လိုက်ရသည်။

ရွမ်ယွီက ထိုပုံကို ကြည့်နေသည်ကို တွေ့သောအခါ ရွှီဟွိုက်ရှီက မိတ်ဆက်ပေးလာသည်။ " ညီမကောင်လေးလေ "

ရွမ်ယွီမှာ ကြောင်သွားပြီးမှ လိီရှီးချန်၏ ပရိသတ်ဖြစ်နေကြောင်း သတိပြုမိတော့သည်။

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now