CHAPTER (14-1)

332 40 1
                                    

ကျင်းကျန်း၏ အမည်မသိဖိုရမ်ဖြစ်သော ပီရွှေ့တွင် စာရေးဆရာများ၏အမည်ကို နာမည်အစ,စကားလုံးများဖြင့် ခေါ်လေ့ရှိကြသည်။ ဥပမာဆိုရလျှင် ချန်ရှီရှီ၏ ကလောင်နာမည်ဖြစ်သော "စုချန်း"အား SC ဟုသာ သုံးနှုန်းကြလေသည်။

ချန်ရှီရှီ၏ ကလောင်နာမည်သည် လီရှီးချန်၏ နာမည်အစနှင့် တူနေလေသည်။ ထိုအရာသည် တိုက်ဆိုင်မှု ဟုတ်မဟုတ်ကို ရွမ်ယွီ တွေးနေမိသည်။

သို့သော် ချန်ရှီရှီနှင့် ပြောပြီးဆိုပြီးပြီဖြစ်ကာ လီရှီးချန်အားလည်း ဆက်သွယ်ရန် မလွယ်ကူသောကြောင့် သူတို့နှစ်ဦးကြားတွင် အချိတ်အဆက်ရှိမရှိကိုမူ မသိနိုင်ချေ။

ရှန်မင်ယင်က ပြောလာသည်။ " သူတို့နှစ်ယောက်ကြားမှာ တစ်ခုခုရှိတယ်ထင်လား၊ ချန်ရှီရှီက မကောင်းကြံတတ်ပေမယ့် အကင်းမပါးဘူး ၊ weibo မှာ ကိစ္စတွေကို ဒီလောက်အထိကြီးသွားအောင် မလုပ်နိုင်လောက်ဘူးထင်တယ်၊ ပြီးတော့ သူကိုယ်တိုင်လည်း အတင်းအဖျင်းရေးတဲ့သူနည်းနည်းပဲငှားခဲ့တာလို့ ပြောတယ်မလား။ သူကစခဲ့တာဟုတ်ပေမယ့် လီရှီးချန်က နောက်ကွယ်ကနေ ကူညီပေးနေတာ မဖြစ်နိုင်ဘူးလား၊ ကောလိပ်တုန်းက နင်သူ့ကိုငြင်းခဲ့လို့ဆိုပြီးလေ "

" ..... "

ထိုကဲ့သို့သာ စိတ်ကူးကြည့်လို့ရနေလေသည်။
ရွမ်ယွီမှာမူ ဘယ်လိုတွေးရမည်ကိုပင် မသိတော့ပေ ။ ထိုအချိန်တွင် သူမ၏ ဆဲလ်ဖုန်းကမြည်လာသဖြင့် ခေါင်းငုံ့ကာ စာကိုဖတ်ကြည့်လိုက်သည်။

ရှေ့နေစာတမ်းနှင့်တကွ တရားရုံးမှ အမှုလက်ခံကြောင်းပြန်စာကို လျိုမောက်က ပို့ပေးလာခြင်းပင် ။

ရွမ်ယွီ စာတမ်းအား သေချာဖတ်ကြည့်လိုက်သည်။ လျိုမောက်ညွှန်ကြားသည့်အတိုင်း ရွမ်ယွီ စာပြန်စီကာ weibo တွင် စာတင်ရန် ပြင်ဆင်နေစဥ်တွင် သူမ၏ဆဲလ်ဖုန်းသည် ထပ်မြည်လာပြန်သည်။

စကားပြောခန်း ( Group Message Chat ) ထဲတွင် ဖြစ်သည်။

ရွှီဟွိုက်စုန့် : [သိပ်ခိုင်မာသေးဘူး]

ထိုစာနှင့်အတူ အနီရောင်မင်ဖြင့်ပြင်ထားသောစာတမ်းကိုပါ ပို့ပေးလာလေသည်။

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now