CHAPTER (14-3)

279 49 0
                                    

ရွမ်ယွီလည်း ဖုန်းကိုပိတ်ကာ အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ လျှော်ပြီးသွားသော အဝတ်များကိုလှမ်းရန် အဝတ်များကို ခြင်းတောင်းထဲသို့ထည့်ကာ ဝရန်တာသို့ထွက်လာသည်။ အဝတ်လှမ်းရန်ပြင်လိုက်ချိန်တွင် ဖုန်းနှစ်ခါမြည်လာလေ၏ ။

ရွှီဟွိုက်စုန့်သည် စာနှစ်ခါပို့မည့်ပုံ မပေါ်ပါချေ။ သို့ဖြစ်၍ သေချာအောင် ဖုန်းကိုထုတ်ကြည့်လိုက်သည်။

10086 : [ဆက်သွယ်မှုဖြတ်တောက်ခြင်း သတိပေးချက် : လူကြီးမင်း၏.....]

10086 : [သက်တမ်းကုန်ဆုံးခြင်း သတိပေးချက် : လူကြီးမင်း၏.....]

သူမဖုန်းငွေဖြည့်ရန် ရက်ကျော်သွားသဖြင့် လိုင်းပြတ်သွားခြင်းဖြစ်သည်။ သို့သော် Wifi မှာ အလုပ်လုပ်ဆဲဖြစ်သလို we chat မှစာများကိုလည်း ဖတ်လို့ရနေသေးသောကြောင့် လျစ်လျူရှုလိုက်ကာ အဝတ်ပဲဆက်လှမ်းနေလိုက်သည်။ အဝတ်လှမ်းပြီးသောအခါတွင် ဖုန်းကတစ်ဖန်မြည်လာပြန်လေသည်။

ဤအကြိမ်တွင်တော့ ရွှီဟွိုက်စုန့်ထံမှ ဖြစ်လေသည်။ : [စာရိုက်ဖို့ အချိန်မရနေဘူး]

"စာရိုက်ဖို့အချိန်မရနေဘူး" နှင့် "အချိန်မရဘူး" သည် ဘာကွာနေလို့လဲ ။

ခဏအကြာတွင် ဖုန်းခေါ်ရန် တောင်းဆိုမှုကို မြင်လိုက်ရလေသည်။

"....."

ရွမ်ယွီ ဖုန်းကိုင်လိုက်သည့်အခါ နှုတ်မဆက်ရသေးမီမှာပင် တစ်ဖက်တွင် အလုပ်ရှုပ်နေကြောင်းကို သတိထားလိုက်မိသည်။ အင်္ဂလိပ်လိုပြောနေသော ယောက်ျား၊ မိန်းမ ငြင်းခုန်နေသံများကို ကြားရလေသည်။

ထို့ကြောင့် အမြန်ပြောလိုက်မိသည်။ "မစ္စတာရွှီ၊ အရေးတကြီးကိစ္စတော့ မဟုတ်ပါဘူး၊ ရှင်အလုပ်ရှုပ်နေတယ်ဆိုရင်လည်း....."

ချက်ချင်းဆိုသလို တစ်ဖက်က တိတ်ဆိတ်လို့သွားသည်။ဆူညံသံများအကုန်ပျောက်သွားကာ ငြိမ်သက်သွားလေ၏ ။

ရွမ်ယွီမှာ ဖုန်းလိုင်းကျသွားခြင်းများလားဟု ကြောင်၍ကြည့်လိုက်မိသည်။

တစ်ဖက်တွင်မူ ဆွေးနွေးခန်းထဲရှိ လူခုနစ်ယောက်၊ရှစ်ယောက်တို့သည် စကားပြောနေရင်းတန်းလန်း ရွှီဟွိုက်စုန့်၏ ရပ်တန့်ရန်အချက်ပြ သ‌င်္ကေတကြောင့် တိတ်သွားကြလေသည်။

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now