CHAPTER (10-3)

365 60 0
                                    

မုန့်ဆိုင်ထဲရှိ စားပွဲဝိုင်းသို့ပြန်ရောက်သောအခါ ရွမ်ယွီသည် လွန်ခဲ့သောနှစ်များအတွင်း 'စုချန်း' နှင့် ဖြစ်ခဲ့ဖူးသော ပြဿနာများကို ပြန်စဉ်းစားကြည့်နေသည်။ ပြဿနာများကို သူမနှင့်အတူ သရေစာမုန့်များစားနေသောကောင်မလေးနှင့် ဆက်စပ်ကြည့်နေလိုက်သည်။ ဘာမှသေချာမစဉ်းစားရသေးခင်တွင် သူမအား ချန်ရှီရှီက စိုက်ကြည့်နေသည်ကို တွေ့လိုက်ရပြီး ချန်ရှီရှီသည် ရွမ်ယွီအားကြည့်ကာ မေးလာသည်။ " ရုပ်တည်ကြီးနဲ့ပါလား၊ ဘာဖြစ်လို့လဲဟင် "

ရွမ်ယွီလည်း ပြုံးပြလိုက်သည်။ ထိုင်ခုံ၌ထိုင်ပြီးသောအခါ ရွမ်ယွီသည် တည့်တိုးသာပြောရန် ဆုံးဖြတ်လိုက်သည်။ " ညီမလေး ၊ နင်က ကျင်းကျန်းမှာ စုချန်းဆိုတဲ့ ကလောင်နာမည်ကိုသုံးပြီး စာရေးတယ်မလား"

ချန်ရှီရှီက အံ့ဩသွားပြီး မျက်လုံးများ ကျယ်လာလေသည်။ " မမက စိတ်ပညာရှင်များလား "

ရွမ်ယွီ လည်ချောင်းရှင်းကာ ပြန်ဖြေပေးလိုက်သည်။ " မဟုတ်ပါဘူး၊ ငါက ဝမ်ရှန်းလေ "

ချန်ရှီရှီမှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး သူမရှေ့ရှိ ဖန်ခွက်နှုတ်ခမ်းနှင့် မေးစေ့တို့ ရိုက်မိသွားလေသည်။ နာကျင်လွန်းသဖြင့် ရှုံ့မဲ့ကာ လက်ဖြင့်မေးစေ့ကို ပွတ်နေပြီး မျက်ရည်များပင်စို့လာသဖြင့် အတော်နာကျင်သွားပုံပင် ။ နာကျင်မှုမှ သက်သာသွားသောအခါမှ ရွမ်ယွီကို မေးလာသည်။ "မမနောက်နေတာမလား"

ရွမ်ယွီမှာ ခေတ္တမျှငြိမ်သက်သွားကာ သူမဆဲလ်ဖုန်းကိုယူလျက် ကျင်းကျန်းအားပြလိုက်သည်။

ချန်ရှီရှီက အူကြောင်ကြောင်ဖြစ်သွားဟန်ဖြင့် "ကမ္ဘာကြီးက တကယ်သေးသေးလေးပဲနော် " ဟုဆိုသည်။ ထို့နောက် သူမကြောင့် အင်တာနက်ပေါ်ပြန့်နေသော ကိစ္စများကို သတိရ‌သွားလေသည်။ "ဟိုလေ weibo ပေါ်က အဲ့ဒီကိစ္စက..... ညီမလေ ခဏနော် စိတ်ငြိမ်အောင် လုပ်လိုက်ဦးမယ်....."

မျက်နှာတစ်ခုလုံး နီရဲလာကာ လက်ဖြင့်လေခတ်နေလေသည်။ အတန်ကြာသောအခါ မတ်မတ်ထိုင်လိုက်ပြီး ဆက်ပြောလာသည်။ " မမ၊ နားလည်မှု အကြီးကြီးလွဲသွားတာပါ၊ ဝမ်ရှန်းက မမဆိုတာသာသိခဲ့ရင် weibo မှာ အဲ့လိုရေးခဲ့မိမှာ မဟုတ်ပါဘူး....."

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now