CHAPTER (12-1)

373 57 0
                                    

ရွှီဟွိုက်စုန့် ထိုင်ချလိုက်ကာ ကြောင်ကလေးကို အနားတွင်ချလိုက်သည်။ မော့ကြည့်လိုက်သောအခါ ရွမ်ယွီတစ်ယောက် စာရွက်စာတမ်းများကို ယူနေရင်း ကြောင်လေးအား စောင်းကြည့်နေသည်ကို တွေ့လိုက်ရလေသည်။

ကြောင်ကလေးမှာ ခြေထောက်လေးချောင်းလုံး လေပေါ်မြှောက်လျက် ပက်လက်လှန်နေလေ၏ ။
ထိုအကောင်လေး၏ အမွှေးပွပွအမြီးလေးက ရွှီဟွိုက်စုန့်၏ လက်ခုံကိုလာလာထိနေသဖြင့် အာရုံစိုက်မရဖြစ်နေပေသည် ။

ထို့ကြောင့် ရွှီဟွိုက်စုန့် ကြောင်လေးကို အဝေးသို့ အနည်းငယ် တွန်းပို့လိုက်သည်။ ထို့နောက် စာရွက်လှန်ရန် ငုံ့ကြည့်ကာ ပြောလိုက်သည်။ "မေးစရာလေးတွေတော့ ရှိတယ်....." ပြောနေရင်းဖြင့် ရုတ်တရတ် ရပ်လိုက်မိသည်။

ရွမ်ယွီက သူ့စကားအား နားထောင်နေသည့်ဟန်မပေါ်ပါ။ စားပွဲခုံ၏‌ခုံစောင်းကို အားပြုနေ၍ ခန္ဓာကိုယ်အပေါ်ပိုင်းကို ၆၀ ဒီဂရီခန့်စောင်းထားပုံမှာ ကွန်ပြူတာထဲသို့ ဝင်လာတော့မည့်ပုံနှင့်ပင် တူနေလေသည်။

သို့သော် ကင်မရာကပြသည်ကိုသာ မြင်ရတာဖြစ်သဖြင့် သူမ ဘယ်လောက်ပဲ ရှေ့တိုးကြည့်ကြည့် ကြောင်ကလေး၏ နားရွက်တစ်ဖက်ကိုသာ မြင်နေရလေသည်။

ရွှီဟွိုက်စုန့်က ချောင်းဟန့်လိုက်မိသည်။
ရွမ်ယွီက ထိုအခါမှ မတ်မတ်ပြန်ထိုင်လိုက်လေသည်။

"ဪ မစ္စတာရွှီ၊ ဆက်ပြောပါ"

"အပိုင်း ၁၄က တတိယစာပိုဒ်ပါ "

ရွမ်ယွီ စာမျက်နှာများကို လှန်ကြည့်လိုက်သည့်အခါ  ကြောင်လေးများအကြောင်း ပြောထားသောစာပိုဒ်ကို တွေ့လိုက်ရလေသည်။ မင်းသမီးက အနုပညာအဆောက်အဦးရှေ့မှ ဖြတ်လျှောက်သွားစဉ် မင်းသားဖြစ်သူက ခြုံပုတ်ထဲရှိ လမ်းဘေးကြောင်လေးများအား အစာကျွေးနေပုံအကြောင်း ရေးထားလေသည်။
ပို၍စိတ်ကူးယဉ်ဆန်စေရန် တကယ်ဖြစ်ခဲ့သည်ထက်ပို၍လည်း ပြောင်းလဲထားသေးသည်။ သူမဝတ္ထုထဲတွင်မူ မင်းသားသည် ကြောင်များကို မချစ်သော်လည်း မင်းသမီးကချစ်မှန်းသိသဖြင့် ဂရုစိုက်ပြခြင်းသာ ဖြစ်ကြောင်း ရေးထားပေသည်။

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now