CHAPTER (17-3)

176 26 0
                                    

လျိုမောက် စဉ်းစားနေပြီးမှ ရွှီဟွိုက်စုန့်ကို မေးလိုက်သည်။ " အတုအယောင် စွဲလမ်းမှုဆိုတာကို ကြားဖူးလား"

ရွှီဟွိုက်စုန့်က သူ့ကိုမော့ကြည့်လာသည်။

" ကောလိပ်စတက်ပြီးသိပ်မကြာသေးခင်ပဲ ကောင်မလေးတစ်ယောက်ကို ကြိုက်သွားဖူးတဲ့ သူငယ်ချင်းတစ်ယောက်ရှိဖူးတယ် ၊ သူက ဘယ်သူ့ကိုမှတော့ မပြောပြဖူးဘူး ၊ ဒါပေမယ့် ဘွဲ့မရခင်လေးမှာ အဲ့ကောင်မလေးကလည်း သူ့ကိုကြိုက်နေတယ်ဆိုတာ တခြားသူတွေပြောလို့ သူ သိလိုက်ရတယ်ကွာ ၊ မင်းအဖြစ်နဲ့ တော်တော်လေးတော့ ဆင်တယ်၊ နောက်တော့ ဘာဆက်ဖြစ်သွားတယ်ထင်တုန်း"

ဘာမှပြန်ပြောမလာသဖြင့် လျိုမောက်ပဲ ဆက်ပြောလိုက်ရသည်။ " နောက်ကျတော့ သူအဲ့ကောင်မလေးကို လိုက်ပြီး တကယ်လည်း တွဲဖြစ်သွားတယ်၊ ဒါပေမဲ့..... " လျိုမောက် လက်နှစ်ချောင်းဖြင့် အမူအရာပြရင်း ပြောလိုက်သည်။ " နှစ်လကြာတော့ ကွဲသွားကြရော ၊ ဘာလို့ဆိုတော့ ကြိုက်နေကြတဲ့အချိန်တုန်းက တစ်ယောက်အကြောင်းတစ်ယောက် မသိသေးဘူးလေ ၊ တွဲကြည့်လိုက်တော့မှ သူတို့ထင်ထားသလိုဖြစ်မလာကြဘူး ၊ နှစ်ယောက်လုံးက သူတို့ရဲ့ စိတ်ကူးထဲမှာ ပိတ်မိနေခဲ့ကြတာပဲ"

ရွှီဟွိုက်စုန့်က တစ်ချက်ကြည့်ကာ အရက်ကိုသာ ဆက်သောက်နေသည်။

" အဲ့ကောင်လေးက နောက်မှငါ့ကို ပြန်ပြောပြတာ သူအဲ့ကောင်မလေးကို လိုက်နေတဲ့အချိန်မှာ စွဲလမ်းမှုရဲ့ ထိန်းချုပ်တာကို ခံခဲ့ရတာတဲ့ ၊ အဲ့တုန်းက ကောင်မလေးကိုသာ လက်လွှတ်လိုက်မယ်ဆို နှမြောစရာကောင်းတယ်လို့ပဲ တွေးခဲ့မိတာတဲ့ ၊ လမ်းခွဲပြီးနောက်မှ သူသိလာတာက အဲ့တုန်းက ခံစားချက်က နောင်တတရားပေါ်အခြေခံပြီး ဖြစ်ပေါ်လာတဲ့ အတုအယောင် စွဲလမ်းမှုဆိုတာပဲ ၊ ဒါပေမဲ့ သူသိတာ သိပ်နောက်ကျသွားတယ် ၊ အမှတ်ရစရာ နှစ်ဦးနှစ်ဖက် ကြိုက်ခဲ့ဖူးကြတာနဲ့ တစ်ယောက်ပေါ်တစ်ယောက် အထင်ကြီးမှုတွေက ဖျက်စီးခံလိုက်ရ....."

" မင်းဘာကို ပြောချင်နေတာလဲ " ရွှီဟွိုက်စုန့်က ဖန်ခွက်ကို ဆတ်ခနဲချရင်း ပြောလာလေသည်။ " ငါ့ကိုနောက်ဆုတ်ဖို့ဆွဲဆောင်ပြီး မင်းက အခွင့်အရေးယူမလို့လား "

ကြမ္မာဖန်သော ပျော်ရွှင်မှုKde žijí příběhy. Začni objevovat