CHAPTER (20-2)

114 25 0
                                    

ရွမ်ယွီ သန့်စင်ပြီးသွားသော သစ်သီးများကို ချပေးလိုက်ပြီးနောက် ရွှီမိသားစုအား ပြန်တော့မည့်အကြောင်း နှုတ်ဆက်လိုက်သည်။

ထောင်ရုန်နှင့် ရွှီဟွိုက်ရှီက မပြန်သေးရန်ပြောသော်လည်း မိသားစုကြားထဲတွင် သူစိမ်းတစ်ယောက်ရှိနေခြင်းမှာ အဆင်မပြေသဖြင့် ပြန်ခဲ့လိုက်လေသည်။

ရွမ်ယွီထွက်သွားသောအခါ ရွှီဟွိုက်ရှီက ပြောလိုက်သည်။ " ကိုကိုချက်ချင်းပြန်လာတာ မမရွမ်ယွီကြောင့်လား "

" ဘာမဟုတ်တာတွေ ပြောနေတာလဲ " ရွှီဟွိုက်စုန့် သူမအားတစ်ချက်ကြည့်ကာ ယခုအဖြစ်အပျက်အား သတိမူမိဟန်မရှိသေးသော ထောင်ရုန်အား လှမ်းကြည့်လိုက်သည်။

ရွှီဟွိုက်ရှီက သူ့အစ်ကိုအား ပြောင်ပြကာ ထောင်ရုန်၏ လက်မောင်းကိုဖက်လိုက်လေသည်။ " မေမေ သိလား၊ ကိုကိုက ခုနကမမကို လိုက်နေတာလေ "

ရွှီဟွိုက်စုန့်မှာ မျက်မှောင်ကြုံ့လိုက်မိကာ ချောင်းဆိုးသွားမိတော့သည်။

ထောင်ရုန်က အံ့သြသွားကာ သိလိုစိတ်ဖြင့် ပြန်မေးလာသည်။ " ဟွိုက်စုန့်၊ သား ဒီကို ပြန်လာဖို့ စိတ်ကူးထားတာလား "

ရွှီဟွိုက်စုန့် မျက်လွှာချကာ ပြန်ပြောလိုက်သည်။ " မသိသေးပါဘူး "

"ဪ....." ထောင်ရုန်က ပြုံးကာမတ်တပ်ရပ်လိုက်သည်။ " မား ရေချိုးခန်းထဲ သွားလိုက်ဦးမယ် "

ရွှီဟွိုက်ရှီ အမေဖြစ်သူ၏ လက်ကိုလွှတ်ပေးလိုက်ပြီး ထောင်ရုန် အခန်းတွင်းမှ ထွက်သွားသောအခါ လေသံတိုးတိုးဖြင့် ကပ်မေးလိုက်သည်။ " ကိုကို ၊ ငါပြောလိုက်တာ မှားသွားတာလား "

ရွှီဟွိုက်စုန့်က သူမအား စိုက်ကြည့်လိုက်ကာ ပြောလာလေသည်။ " သိသွားတော့လည်း တစ်မျိုးကောင်းတာပဲ "

"ဒါဆိုမှန်တာပေါ့နော် ၊ ပြန်လာဖို့စိတ်ကူးမရှိဘူးဆိုရင်လည်း ဘာဖြစ်လို့ မမရွမ်ကို လိုက်နေရသေးတာလဲ? အတူတူ အမေရိကန်ကို သွားဖို့ပြောမလို့လား၊ မေမေကတော့ ကိုကို့ကို ပြန်လာစေချင်နေတာနော် ၊ အကျိုးအကြောင်း ပြောပြထားတာမဟုတ်ဘူး"

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now