CHAPTER (3-3)

454 75 0
                                    

ရွှီဟွိုက်ရှီနှင့် ကျောက်ယီတို့သည် အခန်းထဲ၌ အိမ်စာစာအုပ်များ ကျန်ခဲ့သည်ဟု အကြောင်းပြ၍ ကျောင်းတွင်းသို့ ပြန်ဝင်ခွင့်ရလာလေသည်။ ထိုနှစ်ယောက်သည် နေဝင်ရီတရောအချိန်၌ ကျောင်းမှတ်တမ်းဆောင်သို့ အပြေးသွားနေကြသည်။

ယခုအချိန်တွင် မှတ်တမ်းဆောင်မှာ ပိတ်သွားပြီဖြစ်သဖြင့် အစောင့်အား ကျောက်ယီက အာရုံလွှဲထားပေးစဉ် ရွှီဟွိုက်ရှီ ဂိတ်ပေါက်ဝမှခိုးဝင်ကာ ဒုတိယထပ်သို့ တက်လာခဲ့လိုက်သည်။

အဆောက်အဦးသည် ဟာလာဟင်းလင်းဖြစ်နေသကာ ပြတင်းပေါက်မှနေရောင်သည် အဆောင်အားလင်းနေစေ၍  အပြင်ဘက်မှ သစ်ရွက်ရိပ်များသည် ကြမ်းပြင်၌ ထင်နေလေသည်။ ရွှီဟွိုက်ရှီ အသက်ကိုဖြေးဖြေးရှူကာ ခိုးကြောင်ခိုး၀ှက်ဖြင့် သွားနေခဲ့ပြီး နောက်ဆုံးတွင် ကျောင်းသားဟောင်းများ၏ နာမည်များချိတ်ဆွဲထားသော အုတ်နံရံဆီရောက်လာသည်။

ကျောင်းမှာ နှစ် ၅၀ ခန့် သက်တမ်းရှိပြီဖြစ်ကာ ဤအဆောက်အဦးမှာ နှစ် ၂၀ သက်တမ်းရှိနေပြီဖြစ်၍ နံရံပေါ်တွင် ဓာတ်ပုံများဖြင့် ပြည့်နေလေသည်။ ရွှီဟွိုက်ရှီသည် ၂၀၀၇ ခုနှစ်အတန်း၏ နေရာကိုကြည့်လိုက်သည်။ ထို့နောက် လက်ညှိုးထိုးလျက် တစ်တန်းပြီးတစ်တန်း ရှာကြည့်လိုက်သည်။ သူမ၏နှလုံးမှာမူ စိုးရိမ်မှုနှင့် စိတ်လှုပ်ရှားမှုတို့ကြောင့် အခုန်မြန်လာပေသည်။

၁၇ နှစ်အရွယ် သူမအတွက် ခိုးကူးရေးခြင်းဆိုသည်ထက် သူမ၏မသိစိတ်က ယုံကြည်ထားသည့်အတိုင်း ဆယ်နှစ်ကြာမြှုပ်နှံထားသည့် လျှို့ဝှက်ချက်တစ်ခုဖြစ်နေစေရန်သာ မျှော်လင့်နေမိသည်။

သို့သော်လည်း ခဏအကြာတွင် လှေကားထစ်ပေါ်တက်လာသော ခြေသံများကို ကြားလိုက်ရသည်။ သက်လတ်ပိုင်းလူတစ်ယောက်၏ စိတ်ရှုပ်နေသောအသံကိုလည်း ကြားလိုက်ရသည်။ "မင်းကဘယ်အတန်းကလဲ၊ ဒီမှာဘာလာလုပ်နေတာလဲ ဟမ် "

ရွှီဟွိုက်ရှီလည်း ဓာတ်ပုံများကို သေချာဆက်မကြည့်နိုင်တော့ဘဲ လှည့်ပြေးရလေတော့သည်။ တစ်ဖက်လှေကားမှ ပျာယာခတ်ကာ အောက်သို့အမြန်ဆင်းပြေးလိုက်ရသည်။

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now