CHAPTER (4-1)

445 70 0
                                    

ရွမ်ယွီက ရွှီဟွိုက်စုန့်ကို ကြိုက်တယ်ဆိုသောကြောင့် အရာအားလုံးဖြေရှင်းပြီး ဖြစ်သွားလေသည်။

ရွှီဟွိုက်စုန့် ပို့ရန်ကြံခဲ့သောစာများဖြစ်သည့် "မင်းကလူ‌ကောင်သေးတာကို၊ ဘာလို့များ အားကစားအတွက် ဘတ်စကတ်ဘောကို ရွေးရတာပါလိမ့်" နှင့် "စင်ပေါ်မှာအပြစ်ပေးခံရလောက်အောင် မင်းဘာအပြစ်များကျူးလွန်ခဲ့ရတာလဲ"တို့၏ အဖြေကို သူသာ စန္ဒရားအနောက်ဘက်သို့ သွားကြည့်ခဲ့လျှင် သိနိုင်ခဲ့မည်ဖြစ်ပေသည်။

သို့သော်လည်း ရွှီဟွိုက်စုန့်က သွားမကြည့်ခဲ့၍ မသိခဲ့ပါ။

ထိုသေးငယ်သော တိုက်ဆိုင်မှုများကို ရွမ်ယွီက ရည်ရွယ်ချက်ရှိရှိဖြင့် စီစဉ်ခဲ့သည်ကိုလည်း မသိရှိခဲ့ချေ။ ရွှီဟွိုက်စုန့် အိပ်မပျော်ခဲ့သောညများတွင် ရွမ်ယွီကလည်း သူ့အကြောင်းစဉ်းစားနေခဲ့တာ ဖြစ်လေသည်။

ရွှီဟွိုက်ရှီလည်း ဖုန်းမီးဖွင့်ကာ နံရံမှစာအား ဓာတ်ပုံရိုက်ယူထားလိုက်ပြီးနောက် ရုတ်တရတ်ထအော်လေသည်။ "ဟဲ့ ဟဲ့ ကျောက်ယီ၊ ဒါကြီးက လှုပ်နေသလိုပဲနော်-- --"

ကျောက်ယီမှာ တုန်လှုပ်သွားလျက် သူမပါးစပ်အားပိတ်ရန်ကြံလိုက်သော်လည်း မမှီတော့ချေ။ အောက်ထပ်တွင် ကင်းလှည့်နေသောအစောင့်မှာ အပေါ်ထပ်မှဆူညံသံများကြောင့် ဓာတ်မီးကြီးထိုးလျက် ပြေးတက်လာလေသည်။

ကျောက်ယီက မျက်မှောင်ကြုံ့၍ သူမအားအပြစ်‌တင်လိုက်သည်။ "မင်းရဲ့ဦးနှောက်ကလည်း လှုပ်(ချောင်)နေတာထင်တယ်နော်"

ရွှီဟွိုက်ရှီတို့နှစ်ယောက်အား ကျောင်းစောင့်မှ စည်းကမ်းထိန်းသိမ်းရေးဌာနသို့ ခေါ်ဆောင်သွားလေသည်။

ဌာန၏ဒါရိုက်တာ  ကျူဖုန်းက ထိုကလေးနှစ်ယောက်သည် ချိန်းတွေ့ကြခြင်းဖြစ်ရမည်ဟု ထင်သွားကာ ဘယ်လိုရှင်းပြရှင်းပြ လက်မခံဘဲ မိဘများထံသို့သာ ဖုန်းခေါ်ရန်ပြောလေ၏ ။

ကျောက်ယီကိုမူ ဒါရိုက်တာက ရင်းနှီးနေပြီဖြစ် သောကြောင့် နောက်မှမင်းအလှည့်ဟု ပြောလေသည်။ ထို့နောက် ရွှီဟွိုက်ရှီဘက်သို့ လှည့်ကြည့်ကာ " မင်းအလှည့် ၊ မိဘတွေကို ဘယ်လိုဆက်သွယ်လို့ရမလဲ " ဟုပြောပြီး စားပွဲပေါ်ရှိဖုန်းအား ကောက်ကိုင်လိုက်လေသည်။

ကြမ္မာဖန်သော ပျော်ရွှင်မှုOnde histórias criam vida. Descubra agora