CHAPTER (2-2)

497 73 0
                                    

ချင်းမင်ပွဲတော်ပြီးသွားသောအခါ နွေဦး၏ အေးမြမှုလည်း ကုန်ဆုံးသွားလေသည်။ ရွမ်ယွီ၏ ဝတ္ထုအသစ်ဖြစ်သော < တိုးတိုးလေး ပြောပြချင်တယ် > မှာလည်း ကျင်းကျန်းပလက်ဖောင်းပေါ်တွင် စတင်ထုတ်ဝေရန် ပြင်ဆင်နေပြီဖြစ်သည်။

ရှန်မင်ယင်က ကျင်းကျန်း၌ အယ်ဒီတာတစ်ယောက်ဖြစ်ခဲ့ကာ ဝတ္ထုအသစ်အပေါ် သူမ၏မှန်းဆချက်သည် တိကျမှုရှိသည်ဟု ဆိုရပေမည်။ သူမခန့်မှန်းထားသလိုပင် ကလောင်နာမည် ' ဝမ်ရှန်း ' နှင့် စာရေးဆရာမသည် တစ်နှစ်ခန့်မျှ ပျောက်နေခဲ့ပြီးနောက်တွင် ပြန်လည်ကျော်ကြားလာလေသည်။ ဧပြီလကုန်သောအခါ ထိုဝတ္ထုအသစ်သည် ဝက်ဘ်ဆိုက်၏ အအောင်မြင်ဆုံးသော ၀တ္ထုများစာရင်းထဲဝင်သွားလေသည်။ မကြာမီမှာပင် ရုပ်ရှင်ကုမ္ပဏီတစ်ခုကလည်း ဝတ္ထုနှင့်ပတ်သတ်၍ ဆက်သွယ်လာလေသည်။

မေလဆန်းရောက်ခါစ ကြာသပတေးနေ့ညအတွက် ဝတ္ထုတစ်ခန်းတင်ပြီးသောအခါ ရွမ်ယွီသည် မြို့ထဲရှိ စားသောက်ဆိုင်သို့ ဘလိုင်းဒိတ်တွေ့ရန် သွားလိုက်ရသည်။ မိဘများက အတင်းအကြပ်စေခိုင်းနေ၍ သွားရခြင်းဖြစ်သော်လည်း ရွမ်ယွီ နားမလည်နိုင်ချေ။ သူမအား လက်ထပ်ပေးရန်အတွက် အလောတကြီးဖြစ်မနေကြသော်လည်း သူမ၏လက်ရှိ အခြေအနေကို စိုးရိမ်နေကြလေသည်။

သူမသည် လွန်ခဲ့‌သောလေးနှစ်က ကောလိပ်မှ ဘွဲ့ရခဲ့သော်လည်း ရည်စားကို တစ်ခါလေးတောင် မထားခဲ့ဖူးပေ ။ စာများစတင်ကာ ရေးခဲ့ချိန်မှစ၍ လူနေမှုပုံစံသည်လည်း ပျက်ယွင်းလာသောကြောင့် မိဘများသည် သူမ၏ စိတ်အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်နေကြလေသည်။ ယခုခေတ်တွင် လူမှုရေးဆိုင်ရာ စိတ်ကျန်းမာရေး ယိုယွင်းမှုသည် အဖြစ်များကြသည့် အ​ခြေအနေတစ်ခုဖြစ်ပေသည်ကိုး ။

ထို့ကြောင့် ဘလိုင်းဒိတ်စီစဉ်ပေးခြင်းသည် သူငယ်ချင်းရကာ အပြင်သ်ို့ထွက်လည်နိုင်စေရန် ရည်ရွယ်ချက်လည်းပါလေသည်။ နှစ်ယောက်သား အဆင်ပြေသွား၍ တွဲဖြစ်ကြလျှင်လည်း အမြတ်ပဲဟု တွေးထားကြတာ ဖြစ်လောက်ပေသည်။

ရွမ်ယွီလည်း မရှောင်နိုင်တော့မှတော့ အတွေ့အကြုံရအောင် တွေ့ကြည့်တာပေါ့ ဟူသောအတွေးဖြင့် ထွက်လာခဲ့လိုက်သည်။

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now