CHAPTER (19-1)

147 29 0
                                    

အခန်းနားသို့ နီးလာသောအခါ ရွမ်ယွီ လျိုမောက်၏အသံကို ကြားလိုက်ရသည်။ " မင်း နေ့လည်စာမစားရသေးတာ ငါဘယ်လိုလုပ်သိမှာလဲ၊ ငါ့ကို ကြိုမှပြောမပြထားဘဲနဲ့ "

" ပြောခဲ့တယ်လေ ၊ we chat ကနေ " ရွှီဟွိုက်စုန့်က ပြန်ပြောသည်။

ရွမ်ယွီမှာ အခန်းတံခါးနှင့် တစ်မီတာခန့်အကွာတွင် တန့်သွားမိသည်။ လက်ထဲရှိ ထမင်းဘူးကိုကြည့်ကာ မည်သို့လုပ်ရမည်မသိလည်း ဖြစ်သွားမိလေသည်။

ရွှီဟွိုက်စုန့်မှာ နေမကောင်းသဖြင့် ရောထွေးနေဟန်တူလေသည်။ we chat တွင် ပြောခဲ့သည်မှာ မှန်သော်လည်း ရွမ်ယွီထံသို့ ပို့ခဲ့ခြင်းဖြစ်လေသည်။

ဖုန်းချပြီးနောက် ဝင်လာသောမက်ဆေ့ရှ်အား ရွမ်ယွီ ယခုမှသာ နားလည်သွားတော့သည်။ ထိုစာမှာ ရင်းနှီးသောသူငယ်ချင်းတစ်ယောက်အား ပြောဆိုနေသကဲ့သို့ ဖြစ်‌နေခဲ့လေသည်။ [ နေ့လယ်ကျ ငါ့ကို ဆန်ပြုတ်ယူလာခဲ့ပေးဦး ]

ဆေးရုံမြေပုံနှင့် အခန်းနံပါတ်ကိုပါ တစ်ပါတည်း တွဲ၍ပို့ခဲ့ခြင်း ဖြစ်သည်။

လျိုမောက်ထံပို့ရမည့်စာကို သူမအား မှားပို့ခဲ့ဟန်တူသည်။

ဆေးရုံ၌ ဆေးသွင်းရင်းနှင့်ပင် သူမ
အမှုကိစ္စအား ဆွေးနွေးပေးခဲ့သဖြင့် ထိုသူ၏တောင်းဆိုချက်အား ရွမ်ယွီမှာ ငြင်းဆန်ရန် မတတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ ဘာလုပ်ရမည်မှန်း မသိတော့ပါချေ။ အခန်းတွင်းသို့ ဝင်သွား၍ ကောင်းပါ့မလားဟု စဉ်းစားနေလိုက်မိသည်။

ရွမ်ယွီ တံခါးဝတွင်ရပ်၍ တွေဝေနေမိရာမှ ရုတ်တရတ် လျိုမောက်၏ အသံကို ကြားလိုက်ရသည်။ " ဟုတ်ပြီလေ၊ ငါ‌မင်းအတွက် သွားဝယ်ပေးမယ် " ​ဆိုပြီးနောက် အခန်းထဲမှ ထွက်လာလေ၏ ။

ထိုသူ့အား ရှောင်ရန်အတွက် သိပ်ကိုနောက်ကျသွားပြီ ဖြစ်လေသည်။ ထို့ကြောင့် ရွမ်ယွီ မချိပြုံးပြုံးပြလိုက်ရကာ ပြောလိုက်ရသည်။ " မစ္စတာလျိုပါလား " သူမလက်ထဲရှိ ထမင်းဘူးကို မြှောက်ရင်း ရွမ်ယွီ ထပ်ပြောလိုက်သည်။ " ဆန်ပြုတ်သွားဝယ်မလို့လား "

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now