CHAPTER (9-1)

409 71 1
                                    

ရွမ်ယွီမှာ လက်ထဲမှဖုန်းကို လွတ်ကျလုမတတ် ဖြစ်သွားမိသည်။ ထို့နောက် တုန့်ဆုတ်စွာ စာပြန်လိုက်သည်။

[ဗွီဒီယိုကောလ်ခေါ်ဖို့ မဖြစ်မနေလိုလို့လား]

[အင်း]

မနေ့ညကပင် မျက်နှာချင်းဆိုင်ရန်မလိုတော့ဟု တွေးထားခဲ့သည်က ယခုအခါတွင် စိတ်ကူးကလေး သက်သက်သာ ဖြစ်သွားတော့သည်။

ရွမ်ယွီလည်း ကိုယ့်ကိုကိုယ်ပြန်ငုံ့ကြည့်လိုက်သည့်အခါ ညအိပ်ဝတ်စုံဝတ်ထားဆဲ ဖြစ်နေသဖြင့် အလျင်အမြန်စာပြန်လိုက်သည်။ [ဆောရီးနော် အခု‌တော့ ကျွန်မသိပ်အဆင်မပြေသေးလို့]

[ဘယ်လောက်ကြာဦးမှာလဲ]

သူ့မေးခွန်းမှာ တိုတောင်းသော်လည်း အားပါပေသည်။ စာဖြင့်စကားပြောနေကြခြင်းဖြစ်သည့်အတွက် သူ့လေသံအခြေအနေကို ခန့်မှန်းရန် ခဲယဉ်းလှပေသည်။

စိတ်မရှည်သည့်လေသံပေါက်နေသည်ဟုပင် ရွမ်ယွီ ခံစားနေမိလေသည်။

ချိန်းဆိုထားမှုအား တစ်နာရီကြာ နောက်ကျသည့်အပြင် ဗွီဒီယိုကောလ်ခေါ်ရန်ကိုလည်း သူမက တုန့်ဆိုင်းနေသေးသည်ကိုး ။ သူမဘက်က ကျိုးကြောင်းဆီလျော်မှုမရှိ ဖြစ်နေသည်ဟု ယူဆမိသဖြင့် ရွမ်ယွီ ပြန်ကတိပေးလိုက်လေသည်။ "ဆယ်မိနစ်ဆိုရပါပြီ"

ရွှီဟွိုက်စုန့်ထံမှ စာပြန်မလာချေ။ အချိန်စတွက်နေပြီဖြစ်ကြောင်းကို အချိန်အနည်းငယ်ကြာမှ ရွမ်ယွီ ရိပ်မိသွားမိသည်။

ဖုန်း‌ကိုအမြန်ချလိုက်ကာ ညဝတ်အင်္ကျီကို ချွတ်လိုက်ပြီး ခပ်ပွပွချည်သားအင်္ကျီတစ်ထည်ကို ဝတ်လိုက်သည်။ အင်္ကျီမှာ အနည်းငယ်ပါးနေသဖြင့် အောက်မှ အဝတ်ခံဝတ်လိုက်သေးပေသည်။

ညဝတ်ဘောင်းဘီကိုလဲရန် အချိန်မလောက်တော့ချေ။ ကိုယ်အောက်ပိုင်းမှာ ဗွီဒီယိုထဲတွင်လည်း မပေါ်နိုင်သဖြင့် လျစ်လျူရှုလိုက်ကာ မှန်တင်ခုံသို့ သွားလိုက်သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်များအတွင်း ပင်ပန်းနေခဲ့မှုကြောင့် မလန်းမဆန်း ဖြစ်နေသော သူမ၏မျက်နှာကို မှန်ထဲ၌တွေ့လိုက်သည်။

ကြမ္မာဖန်သော ပျော်ရွှင်မှုOnde histórias criam vida. Descubra agora