CHAPTER (16-4)

158 29 0
                                    

ရွမ်ယွီ ရွှီဟွိုက်စုန့်အား မီးဖိုချောင်ထဲသို့ခေါ်သွားကာ ရေခဲသေတ္တာကို ဖွင့်ပြလိုက်သည်။ " ဒီပစ္စည်းတွေနဲ့ဆို အသားညှပ်ပေါင်မုန့်ဖြစ်ဖြစ် ပါစတာဖြစ်ဖြစ် လုပ်လို့ရလောက်မှာပါ "

ရွမ်ယွီက အနောက်တိုင်း အစားအစာများကို ပြောပြနေသော်လည်း ရွှီဟွိုက်စုန့်၏ မျက်လုံးများကမူ တစ်နေရာတည်းကိုသာ စိုက်ကြည့်နေလေသည်။ " ဒီဟာ " ဟုဆိုရင်း ဆန်မုန့်ကို ညွှန်ပြကာ ပြောလာလေ၏ ။

ကြည့်ရသည်မှာ ထိုလူက အနောက်တိုင်းယဉ်ကျေးမှု၏ လွှမ်းမိုးမှုမခံရသေးပုံပင် ။

ရွမ်ယွီ မေးလိုက်သည်။ " ဘယ်လိုချက်ပေးရမလဲ "

" ကြော်တာ "

ရွမ်ယွီလည်း ခေါင်းညိတ်ပြလိုက်ကာ ရေခဲသေတ္တာထဲမှ ဆန်မုန့်ကို ထုတ်လိုက်သည်။ " ဧည့်ခန်းထဲမှာ စောင့်နေလို့ရပါတယ် "

ရွှီဟွိုက်စုန့်က ထိုအခါမှ မီးဖိုချောင်ထဲမှ ထွက်သွားလေသည်။

ရွမ်ယွီ ခါးစည်းဝတ်လိုက်ကာ စတင်ရန်ပြင်လိုက်သည် ။ သို့သော် ဆန့်မုန့်ကို မလှီးခင် ခေတ္တမျှ တွေဝေသွားမိလေသည်။

ထိုဆန့်မုန့်မှာ ကြော်လှော်ရန်အတွက် မသင့်တော်ချေ ။ သို့သော်လည်း ရုတ်တရတ် ရွှီဟွိုက်စုန့် ဆန်မုန့်ကြော်စားချင်သည့်အကြောင်းကို နားလည်သွားမိသည်။

စုမြို့တော်တွင် အထူးရောင်းချသော ဆန်မုန့်ကြော်ရှိခဲ့ဖူးခြင်းကြောင့် ဖြစ်ရပေမည်။

အိမ်လွမ်းနာကျနေခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။

ရွမ်ယွီတွင် အမေဖြစ်သူပို့ထားသော ကြော်စားနိုင်သည့် ဆန်မုန့်များ ရှိသေးလေသည်။

ရွှီဟွိုက်စုန့်မှာ ပင်ပန်းလွန်းသဖြင့် ဆိုဖာပေါ်တွင်  ပြန်အိပ်ပျော်နေလိမ့်မည်ဟုတွေးကာ ကြော်စားနိုင်သောဆန်မုန့်နှင့် လဲယူလိုက်တော့သည်။

ရွမ်ယွီ သူမအမေသင်ပေးခဲ့ဖူးသော ကြော်နည်းအတိုင်း လိုက်လုပ်‌နေလိုက်သည်။ ထောပတ်နှင့်ကြက်ဥကိုပြင်ကာ ဆီအပူပေးထားလိုက်သည်။ ထို့နောက် လှီးထားသောဆန်မုန့်အား ထောပတ်သုတ်ကာ မီးအေးအေးဖြင့် ကြော်လိုက်သည်။

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now