CHAPTER (7-2)

410 62 1
                                    

"အရမ်းအတွေးလွန်မနေနဲ့ဦး၊ အမေရိကမှာနေတဲ့ အထက်တန်းရှေ့နေတစ်ယောက်က နင့် weibo ကို လိုက်စစ်ကြည့်ဖို့ ဘယ်လိုလုပ် အချိန်ရှိမှာလဲ၊ နင့်ကိုမှတ်‌မိတာလည်း မဟုတ်ဘဲနဲ့ဟာ ၊ နင့်ဝတ္ထုကို ထပ်ခါထပ်ခါ ဖတ်ထားတယ်ဆိုရင်တောင် သူ့အကြောင်းရေးထားတာကို မသိလောက်ပါဘူး" ရှန်မင်ယင်က အခြေအနေများကို ခွဲခြမ်းစိတ်ဖြာပြနေသည်။

"ပြီးတော့ အကုန်လုံးက အတိတ်က အကြောင်းတွေပဲဟာ ၊ အဆိုးဆုံးမှ နင်နည်းနည်း ရှက်ရရုံလောက်ပါပဲ၊ အရွယ်ရောက်တဲ့သူတိုင်းမှာ စိတ်ကူးယဉ်ဇာတ်လမ်းလေးတွေ ရှိတတ်ကြတာပဲလေ မဟုတ်ဘူးလား "

သူ့စကားများသည် ကြောင်းကျိုးဆီလျော်ကြောင်း ရွမ်ယွီ နားလည်သော်လည်း စိတ်ပူနေမိဆဲဖြစ်သည် ။ " ငါစိတ်ပူတာက ဝတ္ထုထဲမှာပါတဲ့ သူ့အကြောင်းအိပ်မက်မက်တာကိုပဲ ၊ ရူးတော့မှာပဲဟာ....."

ရှန်မင်ယင်မှာ ထရယ်မိလေတော့သည်။ " နင့်ကိုဘယ်သူက အဲ့လိုအပိုတွေထည့်ရေးဖို့ ပြောလို့လဲ " သူမ၏တံတောင်ဆစ်ဖြင့် ဆို‌ဖာပေါ်လှဲနေသော ရွမ်ယွီကိုတ်ို့ရင်း ပြောလိုက်သည်။ " တကယ်ပဲ အဲ့ဒါကြောင့်နဲ့  တရားမစွဲချင်တော့တာလား "

ရွမ်ယွီမှာ မတ်မတ်ထိုင်ကာ ခေါင်းခါပြလိုက်သည်။
တရားမစွဲတော့ဟု ပြောခဲ့ခြင်းမှာ အမှန်မဟုတ်ပေ။ ကျီခွန်းနှင့်မပူးပေါင်းတော့ဘဲ အခြားရှေ့နေရှာကာ တရားစွဲမည်ဟု ရည်ရွယ်ခဲ့ခြင်းသာ ဖြစ်ပေသည်။

ရှန်မင်ယင်နှင့်တိုင်ပင်ကာ သူမသူငယ်ချင်းများမှာလည်း ကိစ္စမရှိဟုဆိုသဖြင့် ထိုနေ့တွင်းချင်းမှာပင် ဟန်မြို့ရှိ အခြားကုမ္ပဏီတစ်ခုနှင့် ဆက်သွယ်ခဲ့လေသည်။
ထိုကုမ္ပဏီမှ ရှေ့နေကလည်း သူမအား ရုံးသို့လာ၍တိုင်ပင်ရန် ဖိတ်ခေါ်လေသည်။

ကုမ္ပဏီနာမည်မှာ " တင်းကျန်း " ဖြစ်လေသည်။ သူမအမှုကို ကိုင်‌တွယ်သော မစ္စတာဖန်ဆိုသူမှာလည်း အရည်အချင်းရှိသူတစ်ယောက်ဖြစ်ပေသည်။ အမှုကိစ္စနှင့်ပတ်သတ်၍ အချက်အလက်များကိုပင် ရေးဆွဲပေးခဲ့လေသည်။

နောက်နေ့တွင် ရွမ်ယွီလည်း ဥပဒေကုမ္ပဏီသို့သွားကာ အကြမ်းဖျဉ်းရေးဆွဲထားသော အစီအစဉ်ကိုတင်ပြလိုက်သည်။

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now