CHAPTER (9-2)

379 57 2
                                    

ရွှီဟွိုက်စုန့်က စာကြည့်ခန်းထဲတွင် ရှိနေပုံရသည်။ အခန်းမှာ ရိုးရှင်းလွန်းပြီး စားပွဲနှင့်ထိုင်ခုံအရောင်များကလည်း မျက်စိအေးသွားစေသည်။ ထိုလူ၏နောက်ရှိ အမည်းရောင် စာအုပ်စင်တွင်မူ စာအုပ်များကို သပ်သပ်ရပ်ရပ် စီရီလို့ထားသည်။ စာအုပ်အများစုမှာ ထူထဲလွန်းလှပေသည်။ ညာဘက်နားတွင် ပြတင်းပေါက်ထောင့်စွန်းကို တွေ့ရပြီး အပြင်ဘက်တွင်မူ မည်းမှောင်လို့နေလေပြီ ။

ရွမ်ယွီရှိသောနေရာတွင် နေအတော်မြင့်နေပြီဖြစ်သော်လည်း ရွှီဟွိုက်စုန့်ရှိသောနေရာတွင်မူ မှောင်စပျိုးနေချိန်ဖြစ်ချေသည်။

ကွန်ပြူတာအား အတန်ကြာကြည့်နေပြီးနောက်တွင် သူမ၏လည်ပင်းက ဒုက္ခပေးလာတော့သည်။ သို့ဖြစ်၍ အညောင်းပြေအောင် သူမက ခေါင်းကိုဟိုလှည့်သည်လှည့်လုပ်နေသည်ကို ရွှီဟွိုက်စုန့်က သတိပြုမိသွားလေ၏ ။

ရွှီဟွိုက်စုန့်လည်း ရုတ်တရတ်မော့ကြည့်လိုက်သဖြင့် နှစ်ဦးမှာ အကြည့်ချင်းဆုံသွားတော့သည်။ ရွမ်ယွီလည်း ဇက်ချိုးနေရင်းတန်းလန်းဖြင့်ပင် ရပ်လိုက်မိသဖြင့် တမင်ပင် ချစ်စရာကောင်းအောင် ပြုမူလိုက်သကဲ့သို့ ဖြစ်သွားသည်။

ထိုပုံစံအား ရွှီဟွိုက်စုန့်က ချစ်ဖို့ကောင်းသည်ဟု ထင်သွားလား မထင်သွားလားကို လည်ပင်းက နာလွန်းနေသဖြင့် ရွမ်ယွီ ဂရုမစိုက်နိုင်ပါ ။

လည်ပင်းမှ ဂျွတ်ကနဲအသံ ထွက်လာပြီး ရွမ်ယွီမှာ နာကျင်မှုကြောင့် မျက်လုံးများကို ပိတ်လိုက်မိသည်။ အနည်း‌ဆုံးတော့ ကွန်ပြူတာပေါ်က အေးစက်စက် မျက်၀န်းတစ်စုံကို မမြင်ရတော့ဘူးပေါ့ ။

ရွမ်ယွီ မျက်လုံးများကို ပြန်ဖွင့်ကြည့်လိုက်သည့်အချိန်တွင် ရွှီဟွိုက်စုန့်က ခေါင်းပြန်ငုံ့သွားပြီဖြစ်သည်။

၁၅ မိနစ်ခန့်ကြာသည့်အခါတွင် ရွှီဟွိုက်စုန့်က ငြီးငွေ့သွားဟန်ဖြင့် စာရွက်များကို စုလိုက်လေသည်။ နောက်မှဆက်ဖတ်လောက်သည်ဟု ရွမ်ယွီ ခန့်မှန်းလိုက်သည်။ ရွှီဟွိုက်စုန့်က မော့ကြည့်ကာ ပြောလာသည်။ " စွပ်စွဲထားတဲ့သူကို ပြန်ချေပဖို့ပြင်ဆင်ထားတဲ့ နှိုင်းယှဉ်ပြထားတဲ့ စာတွေကိုရော ဘယ်လိုမြင်လဲ "

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now