CHAPTER (21-3)

142 26 1
                                    

ကျောင်းအုပ်ကြီးရုံးခန်းမှာ အားကစားကွင်းနှင့် သိပ်မဝေးချေ ။ ပုစဉ်းရင်ကွဲအသံများရှိရာ သစ်ပင်များလွှမ်းမိုးထားသော လမ်းကိုလျှောက်ကာ ရွမ်ယွီ ကွင်းရှိရာဆီ လာခဲ့လိုက်သည် ။

ယနေ့ သိပ်မပူချေ ။ ကွင်းဆီသို့ရောက်သောအခါ ခုံတန်းပေါ်တွင် ဝင်ထိုင်လိုက်သည်။ အစိမ်းရောင်လွှမ်းနေသော ကွင်းပြင်တွင် ကောင်လေးအချို့ ဘောလုံးကစားနေသည်ကို တွေ့ရလေသည်။

ရွမ်ယွီလည်း ကိုယ်နှင့်မကွာဆောင်ထားတတ်သော စာအုပ်နှင့်ခဲတံကိုထုတ်ကာ ရေးလိုက်သည်။ "ဇွန်လ ၅ ရက်၊ တိမ်ထူသောနေ့၊ ဒီနေ့ စုမြို့ အမှတ် (၁) အထက်တန်းကျောင်းကို ပြန်ရောက်ခဲ့တယ်....."

ရုတ်တရတ် ကွင်းပြင်ဆီမှ အော်သံကို ရွမ်ယွီ ကြားလိုက်ရသည်။ " သတိထား ! "

မော့ကြည့်လိုက်သောအခါ ဘောလုံးတစ်လုံးက သူမရှိရာသို့ တန်းတန်းမတ်မတ် လွင့်လာနေသည်ကို တွေ့လိုက်ရလေသည်။ ကံကောင်းစွာပင် ဘောလုံးသည် သူ့ရှေ့ရှိ လက်ရန်းတန်းကို တိုက်မိကာ မြေပြင်ပေါ် ကျသွားလေသည်။

ရွမ်ယွီမှာ လန့်သွားမိတော့သည်။

ဘောလုံးကန်လိုက်သူသည် သူမဆီ အမြန်ပြေးလာကာ ခုံတန်းအောက်ဘက်၌ရပ်လိုက်ပြီး အသက်လုရှူရင်း မေးလာလေသည်။ " အဆင်ပြေရဲ့လား ကျယ်ကျဲ "

ရွမ်ယွီ အံ့ဩသွားမိပြန်သည်။

ဤကောင်လေးမှာ ကန်တင်းတွင် ရွှီဟွိုက်ရှီနှင့် စကားပြောနေခဲ့သူ ဖြစ်နေလေသည်။

သူမက ထိုကောင်လေးထက် အသက်ကြီးကြောင်း မည်သို့သိသွားသည်ကို တွေးနေမိတော့သည်။

ရွမ်ယွီ ထလိုက်ကာ အရှေ့သို့တိုး၍ ခေါင်းခါပြကာ ပြောလိုက်သည်။ " အဆင်ပြေပါတယ်၊ ဘယ်လိုလုပ် ကျယ်ကျဲလို့ သိတာလဲ "

ကောင်လေးမှာ သွားများပေါ်အောင် ရယ်လျက် ပြန်ပြောလာလေသည်။ " ကျယ်ကျဲ မဟုတ်ရင် မိန်းမိန်(ညီမလေး)လား"

ကြည့်ရသည်မှာ ကျယ်ကျဲဟုခေါ်လိုက်ခြင်းသည် ယဉ်ကျေးစွာ သုံးနှုန်းလိုက်ခြင်းပင် ဖြစ်ဟန်တူလေသည်။

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now