CHAPTER (9-3)

387 64 1
                                    

အထက်တန်းပထမနှစ်ဘဝသည် အေးအေးဆေးဆေးရှိခဲ့ပေသည်။ အခန်း ၁၀ တွင် ဗရုတ်ကျသောကောင်လေးများစွာလည်း ရှိခဲ့ပြီး သူတို့သည် ကျောင်းကန်တင်းရှိ စားစရာများကို မနှစ်သက်သောကြောင့် ကျောင်းခြံစည်းရိုးကိုကျော်ကာ ကြက်ကြော်ထွက်ဝယ်တတ်ကြသည်။

တစ်ကြိမ်တွင် ရွှီဟွိုက်စုန့်အား ထိုကောင်လေးများနှင့်အတူ ရွမ်ယွီ တွေ့ခဲ့ရသည်။ တစ်ယောက်သည် ရွှီဟွိုက်စုန့်လည်ပင်းအားဖက်လျက် တိုးတိုးလေး ကပ်ပြောလိုက်သည်။ "အတန်းပြီးရင် လှေကားရှာပြီး အနောက်ဘက်ဂိတ်ပေါက်က ခြံစည်းရိုးနားမှာ ထားထားလိုက်"

ထိုအချိန်တုန်းက ရွမ်ယွီမှာ အတော်အံ့အားသင့်သွားခဲ့တာဖြစ်သည်။ အကြောင်းမှာ ရွှီဟွိုက်စုန့်ကဲ့သို့ အေးအေးဆေးဆေးနေတတ်သူက ထိုကောင်လေးများနှင့်အတူ ကြက်ကြော်ထွက်စားလိမ့်မည်ဟု မထင်ခဲ့ခြင်းကြောင့် ဖြစ်ပေသည်။ ရွှီဟွိုက်စုန့်မှာ ဤကမ္ဘာနှင့်ပင်မတန်အောင် ဖြူစင်ရိုးသားသည့်ပုံပေါက်ခဲ့လေသည်။

သူမ မျှော်လင့်ထားသလိုပင် ရွှီဟွိုက်စုန့်သည် ထိုကောင်လေး၏လက်ကို ဖယ်ပစ်လိုက်ပြီး အေးစက်စွာပြန်ပြောလိုက်သည်။ "စိတ်မဝင်စားဘူး"

ကောင်လေးမှာ ကျောင်းတွင်းအနိုင်ကျင့်သူဖြစ်ပြီး ရွှီဟွိုက်စုန့်ပေါ် လက်ပြန်တင်လိုက်ကာ ခြိမ်းခြောက်သည်။ "မလုပ်ပေးဘူးလား၊ အဲ့ဒါဆို မင်းရဲ့ဆဲလ်ဖုန်းကို အဖိုးကြီးရွမ်ဆီ သွားပေးလိုက်မှာနော်"

အဖိုးကြီးရွမ်ဆိုသည်မှာ ရွမ်ယွီ၏အဖေဖြစ်သည်။ သူမအဖေ၏ဒေါသကိုသိနေသဖြင့် ရွမ်ယွီ ရွှီဟွိုက်စုန့်ကို စိတ်ပူသွားမိသည်။ ရွှီဟွိုက်စုန့်က ဘယ်လိုပြန်လည်တုန့်ပြန်မည်ဆိုသည်ကို သိချင်သော်လည်း ထိုကောင်လေးများမှာ စာသင်ခန်းအတွင်းသို့ဝင်သွားကြပြီ ဖြစ်လေသည်။

ဘာဆက်ဖြစ်မည်ကို မသိရသဖြင့် ရွှီဟွိုက်စုန့်ကိုလည်း ဒုက္ခမရောက်စေချင်သောကြောင့် ရွမ်ယွီကိုယ်တိုင်ပင် ကျောင်းတွင်းစိုက်ပျိုးရေးမှူးဆီမှ သူမအဖေ၏အဆက်အသွယ်ကိုသုံးကာ လှေကားတောင်းလာလိုက်သည်။

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now