CHAPTER (16-1)

256 36 2
                                    

ရွှီဟွိုက်စုန့်၏ နောက်ဆုံးစာကြောင့် ရွမ်ယွီမှာ ထခုန်လိုက်မိသည်။

ဆယ်မိနစ် ၊ ဒီတစ်ခေါက်လည်း ဆယ်မိနစ်ပဲ ၊ ဘာလို့အမြဲ ရုတ်တရတ်ကြီး ဖြစ်နေရတာလဲ ။

ရွမ်ယွီ အဝတ်ဗီရိုဆီသို့ အမြန်သွားလိုက်ရကာ နောက်ဆုံးတစ်ခေါက် ရွှီဟွိုက်စုန့်နှင့် ဗွီဒီယိုကောလ်ခေါ်တုန်းကအတိုင်း အမြန်ပြင်ဆင်ရပြန်လေသည်။

ရွမ်ယွိီသည် ဆယ်မိနစ်မပြည့်ခင် တစ်မိနစ်အလိုတွင် ဖိုင်တွဲများကိုကိုင်၍ တံခါးကိုဖွင့်လိုက်ကာ ဓာတ်လှေကားဆီ အမြန်သွားလိုက်လေသည်။ ထို့နောက်မှ ခါးကုန်း၍ ဒူးခေါင်းပေါ်လက်ထောက်ကာ အသက်၀၀ ရှူနိုင်တော့သည်။

တိုက်ခန်းမှ လမ်းလျှောက်ထွက်လာသောအခါ အရှိန်လျှော့လိုက်ပြီး အသက်ဝအောင် တစ်ဖန်ထပ်ရှူရန် ပြင်လိုက်သော်လည်း သိပ်မဝေးသောနေရာတွင် Land Rover ကားတစ်စီးကို ပါကင်ထိုးနေသည်ကို မြင်လိုက်ရသဖြင့် အမြန်လျှောက်သွားလိုက်ရသည်။

ကြီးကျယ်ခမ်းနားလှသော ရှေ့နေကြီးရွှီဟွိုက်စုန့်သည် မတော်တဆမှုကြောင့် သုံးရက်ကြာသည်အထိ စာမပြန်ခဲ့သဖြင့် နောက်ထပ်တစ်မိနစ်လောက်ပင် ရွမ်ယွီမှာ ထပ်မစောင့်ခိုင်းရဲပေ။

ကားနားသို့ရောက်သွားသည့်အခါ အမြန်လာခဲ့ရသဖြင့် ရွမ်ယွီ၏ ပါးများပင်နီနေလေသည်။ ကားပြတင်းပေါက်မှတဆင့် အရင်တစ်ခေါက်  ရှေ့နေရုံးခန်းသို့‌သွားခဲ့တုန်းက လမ်းပြပေးခဲ့သော ချန်ဟွေ့ဆိုသူကို မြင်လိုက်ရသည်။

ရွှီဟွိုက်စုန့်က နောက်ထိုင်ခုံတွင် ထိုင်နေလေသည်။ ထို့နောက် ပြတင်းပေါက်မှန်ကိုချလိုက်ပြီး  သူမအား လှမ်းကြည့်လာသည်။

ရွမ်ယွီလည်း ကားနားတွင် မတ်တပ်ရပ်လိုက်ပြီး အသက်ကိုတစ်ချက်ရှူ၍ ကိုယ်ကိုညွတ်ကာ နှုတ်ဆက်လိုက်ရသည်။ " မစ္စတာရွှီ..... "

ရွှီဟွိုက်စုန့်က မေးငေါ့ပြ၍ ကားပေါ်သို့တက်လာရန် အချက်ပြသည်။

ထိုသူက အနောက်တွင် ထိုင်နေသောကြောင့် ရွမ်ယွီလည်း အရှေ့ဘက်ရှိ ခရီးသည်ထိုင်ခုံတွင် ၀င်ထိုင်ရန်သာ သွားလိုက်သည်။ ဤတစ်ကြိမ်တွင် ကားမောင်းလာသူက ဘလိုင်းဒိတ်တွေ့ခဲ့ဖူးသူ မဟုတ်တော့သဖြင့် အရှေ့ဘက်တွင်ထိုင်ခြင်းအား ရှောင်နေရန်မလိုတော့ပေ။

ကြမ္မာဖန်သော ပျော်ရွှင်မှုحيث تعيش القصص. اكتشف الآن