CHAPTER (18-2)

185 27 0
                                    

ရွမ်ယွီ အိပ်ရာဘေးနားရှိ မီးအိမ်ကိုဖွင့်လိုက်သည်။ အိပ်ခန်းမှာ လင်းထင်းသွားကာ ရွှီဟွိုက်စုန့်ကလည်း ဖုန်းခေါ်လာ၏ ။

ရွမ်ယွီ ဖုန်းကိုင်လိုက်ကာ ကိုယ်ပေါ်ရှိစောင်ကိုဖယ်၍ အိပ်ရာမှ ထလာလိုက်သည်။ ထို့နောက် ခြေညှပ်ဖိနပ်ကိုစီးရင်း ပြောလိုက်သည်။ " ခဏနော်၊ ဖိုင်လ်သွားယူလိုက်ဦးမယ် "

" အင်း " ရွှီဟွိုက်စုန့်က ပြန်ပြောလာသည်။

အိပ်ခန်းတံခါးကို ဖွင့်လိုက်သောအခါ ပြတင်းပေါက်မှတစ်ဆင့် လျှပ်စီးလက်သွားသည်ကို ရွမ်ယွီ တွေ့လိုက်ရသည်။ လျှပ်စီးမှအလင်းသည် မှောင်နေသော ဧည့်ခန်းထောင့်သို့ ကျရောက်လာသည်မှာ သရဲကားဇာတ်ဝင်ခန်းနှင့်ပင်တူနေတော့သည်။

ရွမ်ယွီလည်း တွန့်သွားမိကာ မီးဖွင့်လိုက်ရသည်။ အကြောက်ပြေစေရန် ရွမ်ယွီ စကားစလိုက်မိသည်။ " မစ္စတာရွှီ "

" ဟုတ်ကဲ့ "

" အဲ့မှာရော မိုးရွာနေလား "

" ခုလေးတင် တိတ်သွားတာ "

" ဒါဆို မိုးက ဒီဘက်ကူးလာတာဖြစ်မယ်..... "

ရွှီဟွိုက်စုန့်က ဘာပြောရမှန်းမသိသဖြင့် တိတ်နေလေသည်။

ရွမ်ယွီမှာ ဖိုင်လ်ကို ရုတ်တရတ် ရှာတွေ့မနေချေ။ သူမ တစ်ခုခုအောက်တွင် ထိုးထည့်မိခဲ့ဟန်တူသည်။

ထို့ကြောင့် ခေါင်းစဉ်ပြောင်း၍ စကားဆက်လိုက်ရသည်။ " မစ္စတာရွှီ ၊ ရှင် ပြီးခဲ့တဲ့တစ်ခေါက်တုန်းက လူဆိုးတွေနဲ့တွေ့ရင် ဘယ်လိုရင်ဆိုင်ရမလဲဆိုတာသင်ပေးထားတော့ နောက်ထပ်မေးခွန်းများ မေးလို့ရမလား "

" အင်း "

" အကယ်၍များ ညကြီးသန်းခေါင် အမူးသမားတစ်ယောက်ကသာ ကျွန်မကို လာနှောင့်ယှက်ခဲ့မယ်ဆိုရင် အဲ့တုန်းကအတိုင်းပဲ ပြုမူသင့်လား "

" ..... "

[ T/N : အမူးသမားက သူဖြစ်နေတော့ ရှေ့နေကြီး ဆွံ့အသွားရှာပြီ 🤣 ]

ရွှီဟွိုက်စုန့်က ပြန်မဖြေသော်လည်း လေတိုက်သွားသဖြင့် တံခါးနှင့် ပြတင်းပေါက်များမှ တစ်ကျွီကျွီသံများ ထွက်လို့လာသည်။

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now