CHAPTER (3-2)

463 71 0
                                    

သောကြာနေ့ညနေခင်း ကျောင်းဆင်းချိန်တွင် စုမြို့တော်မှ ပထမအထက်တန်းကျောင်း၏ ကျောင်းပေါက်ဝတွင် စည်ကားနေလေ၏။ ရွှီဟွိုက်ရှီသည် ဘတ်စ်ကားစောင့်နေရင်း ဖုန်းကိုထုတ်လိုက်ပြီး ကျင်းကျန်းအကောင့်ထဲသို့ ဝင်ကြည့်လိုက်သည်။

လွန်ခဲ့သောတစ်လလောက်က ဒိတ်အောက်နေသော ဆဲလ်ဖုန်းအတွင်း၌ ဝမ်းနည်းဖွယ်ရာဇာတ်လမ်းကို ရွှီဟွိုက်ရွှီ တွေ့ခဲ့ရသည်။ ဇာတ်လိုက်မှာ သူမ၏အစ်ကိုဖြစ်ပြီး အထက်တန်းကျောင်းသားဘဝတွင် အခြားအတန်းမှ ‌ကျောင်းသူတစ်ယောက်အား သဘောကျခဲ့သော်လည်း နိုင်ငံခြားမထွက်ခင်အထိ ထိုကျောင်းသူလေးအား ဖွင့်ပြောရန် သတ္တိမရှိခဲ့ချေ။

အတော်လေး ဝမ်းနည်းဖွယ်ကောင်းသည်ဟု ထင်သောကြောင့် ရွှီဟွိုက်ရှီသည် သူမ ဝတ္ထုများဖတ်နေကြဖြစ်သော ဝက်ဘ်ဆိုက်ပေါ်တွင် အကောင့်တစ်ခုဖွင့်၍ ဖုန်းထဲမှတွေ့ရှိခဲ့သော အကြောင်းအရာတို့ကို အခြေခံပြီး ဝတ္ထုတိုတစ်ပုဒ်ကို ရေးခဲ့တာဖြစ်သည်။

သူမက စာရေးသောအလုပ်အား စိတ်ဝင်စား၍ မဟုတ်ပါဘဲ ဖုန်းလေးထဲရှိ မပို့ဖြစ်ခဲ့သောစာများကို ဖတ်ပြီးနောက် တစ်ယောက်ယာက်အား ရင်ဖွင့်ပြောပြချင်စိတ်များ ဖြစ်လာခဲ့ခြင်းကြောင့်သာဖြစ်သည်။ သူမ၏သူငယ်ချင်းများကိုလည်း မပြောပြနိုင်ခဲ့သလို  အွန်လိုင်းပေါ်တွင် တင်မည်ဆိုပါကလည်း အစ်ကိုဖြစ်သူ တွေ့သွားမည်ကို စိုးရလေသည်။ ထို့ကြောင့် "အမျိုးသမီးစာဖတ်သူတို့၏ ရတနာသိုက်" ဟုဆိုနိုင်သော ကျင်းကျန်းပေါ်တွင်တင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်လေသည်။

ရွှီဟွိုက်ရှီ သူမ၏ ရွေးချယ်မှုမှားယွင်းခဲ့ကြောင့် သိလိုက်ရသည်။

ဝတ္ထုမှာအတော်အောင်မြင်သွားကာ နှစ်ရက်အတွင်း မှတ်ချက်ပေါင်းတစ်ထောင်ကျော် ရရှိခဲ့လေသည်။ ထို့ပြင် အတော်အတန်လူသိများသော စာရေးဆရာတစ်ယောက်က သူမ၏ဝတ္ထုအား ကူးရေးထားကြောင်း အသိပေးသည့် မှတ်ချက်ပေါင်းများစွာကိုလည်း တွေ့ရှိလိုက်ရဘေသည်။

ရွှီဟွိုက်ရှီ မယုံကြည်နိုင်စွာပင် ထရပ်လိုက်မိသည်။ ခိုးရေးထားပါသည်ဆိုသော ဝတ္ထုအား သွားဖတ်ကြည့်လိုက်ပြီး တစ်ဖက်စာရေးသူ၏ weibo အကောင့်ကိုလည်း တွေ့ရှိခဲ့ရကာ စာဖတ်သူများက ရှင်းပြရန်တောင်းဆိုထားသည်များကိုလည်း တွေ့လိုက်ရသည်။

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now