CHAPTER (16-2)

284 43 1
                                    

ရွှီဟွိုက်စုန့်နှင့်တွေ့ရန် ပြင်ဆင်တုန်းက အဝတ်များကို လှန်လှောကာ အမြန်ပြင်ဆင်ခဲ့ရသဖြင့် ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် အဝတ်များပုံနေလေသည်။

ထို့ကြောင့် ရွှီဟွိုက်စုန့်အား ချက်ချင်းဝင်ခိုင်းရန် မဖြစ်နိုင်ချေ။

တံခါးဖွင့်ပြီးနောက် ရွမ်ယွီသည် နောက်ပြန်လှည့်ကာ တံခါးကို ကိုင်ထားလျက် ရွှီဟွိုက်စုန့်အား မော့ကြည့်၍ ပြောလိုက်ရသည်။ "ဟို..... ဒီမှာ ခဏလောက် စောင့်ပေးလို့ ရမလား"

ရွှီဟွိုက်စုန့်ကလည်း ငုံ့ကြည့်ကာ ခေါင်းညိတ်ပြလာသည်။

ရွမ်ယွီမှာ တံခါးအား ခပ်ကျဉ်းကျဉ်းသာဖွင့်၍ ဝင်သွားလိုက်သည်။ ထို့နောက် လော့ခ်မချတော့ဘဲ ဧည့်ခန်းထဲသို့သွားကာ အမြန်ရှင်းလင်းလိုက်ရသည်။

ရွှီဟွိုက်စုန့်မှာ အပြင်ဘက်တွင် ဘေးဘီမကြည့်ဘဲ ငြိမ်သက်စွာ ရပ်နေလေ၏ ။ သုံးမိနစ်ခန့်ကြာသောအခါ တံခါးပွင့်လာကာ ရွမ်ယွီက ပြောလာသည်။ "..... ဝင်လာလို့ ရပါပြီ"

ရွမ်ယွီက ရွှီဟွိုက်စုန့်အား အတွင်းသို့ ခေါ်လာပြီးနောက် ရွှီဟွိုက်စုန့်မှာ လီရှီးချန်တုန်းကလိုပင် ကြမ်းပြင်ကို ငုံ့ကြည့်နေလေသည်။

ရွမ်ယွီမှာ သူမ၏အိမ်၌ ယောက်ျားစီးဖိနပ် မရှိကြောင်း နောက်တစ်ကြိမ် ထပ်မံရှင်းပြလိုက်ရကာ ဖိနပ်မလဲဘဲနှင့် အတွင်းသို့ ဝင်လာလိုက်ရန် ပြောလိုက်သည်။

နှစ်ယောက်စလုံးမှာ စကားထပ်ပြောမနေတော့ဘဲ ဧည့်ခန်းထဲ ဝင်သွားကြလေသည်။ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက် အိမ်အလည်လာခြင်းထက်ပင် ရွမ်ယွီမှာ ယခုအခါ ပို၍ဂနာမငြိမ် ဖြစ်နေမိသည်။ ဗွီဒီယိုကောလ်မှ တဆင့်ပြောနေကြဖြစ်၍ ရရှိလာသော အတန်အသင့် ရင်းနှီးမှုမှာလည်း ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားသယောင် ခံစားလိုက်ရသည်။ ယခုအခါမှစ၍ တွေ့ဖူးများသူကဲ့သို့ ဖြစ်နေလေသည်။

အွန်လိုင်းပေါ်မှာပဲ တွေ့ဖူးသူအား ယခုမှ အပြင်တွင် ပထမဆုံးအကြိမ် တွေ့လိုက်ရသလို ခံစားချက်မျိုးရနေလေ၏ ။

သူတို့နှစ်ဦးကြားရှိ အေးစက်နေမှုကို ဖြေလျော့ရန် ရွမ်ယွီ ဧည့်ခန်းထဲရှိ စားပွဲခုံတစ်လုံးအား လက်ညှိုးထိုး၍ ပြောလိုက်သည်။ "ရှင်နဲ့ ဗွီဒီယိုကောလ်တွေ ပြောတုန်းက အဲ့နေရာကနေ ပြောတာလေ"

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now