CHAPTER (10-2)

356 50 0
                                    

တကယ်တော့ ရွမ်ယွီတွင် ချန်ရှီရှီနှင့် ပြောစရာစကား များစားစားမရှိချေ။ ချန်ရှီရှီက စိတ်အားထက်သန်နေခြင်းကြောင့်သာ မုန့်အနည်းငယ်စား၍ စကားပြောကြမည်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သူမတို့နှစ်ယောက်မှာ ရင်းနှီးလှသူများမဟုတ်သဖြင့် ရွမ်ယွီမှာ ပြောစရာသိပ်မရှိချေ။ ချန်ရှီရှီက သူမ၏ အလုပ်အကိုင်အကြောင်း မေးလာသောအခါ ရွမ်ယွီက ယောင်ဝါးဝါးသာ ပြန်ဖြေလိုက်သည်။ "ဒီလိုပဲ အလွတ်တန်းအလုပ်အကိုင်ပေါ့"

ချန်ရှီရှီ : " ဝိုး၊ မမက စာရေးဆရာပေါ့နော် "
သူမတို့နှစ်ယောက်မှာ တရုတ်စာအထူးပြုမေဂျာမှ ဖြစ်ကြသဖြင့် ထိုခန့်မှန်းချက်က အံ့ဩစရာမရှိပါ။

ရွမ်ယွီက ပြန်ပြောလိုက်သည်။ "ဒီလိုပဲ ရိုးရိုးစာရေးတဲ့သူတစ်ယောက်ပါ" ချန်ရှီရှိီက သူမ၏ကလောင်နာမည်ကို မေးမလာခင် ရွမ်ယွီ စကားလမ်းကြောင်းလွှဲလိုက်သည်။ "ညီမကရော၊ ဘွဲ့ရပြီးတော့ ဘာတွေဆက်လုပ်ဖြစ်သေးလဲ"

ချန်ရှီရှီမှာ အအေးခွက်မှ ပိုက်ကိုကိုက်လျက် အနည်းငယ်ရှက်ရွံ့စွာ ပြန်ဖြေလာသည်။ "ညီမကတော့ မိသားစုစီးပွားရေးပဲ လုပ်ဖြစ်နေတယ်"

ရွမ်ယွီက မိသားစုစီးပွားရေးလုပ်ခြင်းကလည်း အဆင်ပြေကြောင်း ပြောရန်ပြင်လိုက်ချိန်တွင် ဖုန်းမြည်လာလေသည်။

လျိုမောက်ထံမှဖြစ်သည်။

အရေးကြီးကိစ္စပြောစရာရှိမည်စိုး၍ မတ်တပ်ထရပ်ကာပြောလိုက်သည်။ "ဆောရီးနော်၊ ဖုန်းကိုင်လိုက်ဦးမယ်"

ချန်ရှီရှီမှာ ရွမ်ယွီ၏ဖုန်းအားကြည့်လိုက်သောအခါ "ရှေ့နေလျို" ဟူသော နာမည်ကိုမြင်လိုက်သဖြင့် ခေါင်းညိတ်ပြလာသည်။ "ရပါတယ် ပြောပါ"

ရွမ်ယွီလည်း ဆိုင်အပြင်ဘက်ထွက်ကာ ဖုန်းကိုင်လိုက်သည့်အခါ လျိုမောက်၏အသံကို ကြားလိုက်ရသည်။ "အခုပဲ တရားရုံးက သတင်းရလာလို့၊ အမှုအတွက် သံသယရှိသူနောက်တစ်ယောက် ထပ်တိုးထားတယ်"

လျိုမောက်မှာ အလွန်အားထုတ်ထားပေသည်။ လွန်ခဲ့သည့်‌ ခြောက်ရက်က တရားရုံးသို့ အချက်အလက်များပို့ပေးခဲ့၍ အမှုအတွက် ပြင်ဆင်ခဲ့ပေသည်။

ကြမ္မာဖန်သော ပျော်ရွှင်မှုTempat cerita menjadi hidup. Temukan sekarang