CHAPTER (8-1)

421 64 0
                                    

ရွှီဟွိုက်စုန့်မှာ တရားရုံးမှ ဆဲလ်ဖုန်းကိုင်လျက်ထွက်လာရင်းဖြင့် လျိုမောက်အား စာပြန်လိုက်သည်။ "ငါတရုတ်စာအရေးအသားတွေကို သိပ်မကျွမ်းတော့လို့ "

စာရိုက်ပြီးသွားသောအခါတွင် သူ့နောက်မှ ဝတ်စုံအပြည့်နှင့်လူတစ်ယောက် ပြေးလိုက်လာသည်ကို တွေ့လိုက်ရလေသည်။ ထိုလူသည် ရွှီဟွိုက်စုန့်အား တရားခွင်အတွက် ကျေးဇူးတင်စကား​ပြောကာ စောနကအထင်လွဲမှုအတွက်လည်း တောင်းပန်ပါတယ်ဟု ဆိုသည်။

ထိုပုဂ္ဂိုလ်မှာ SG ကုမ္ပဏီမှ ဖြစ်ပြီး ရွှီဟွိုက်စုန့်မှာ ကုမ္ပဏီအား ကြိုတင်အကြောင်းမကြားဘဲ အမှုမစခင် တစ်ရက်အလိုတွင် တရုတ်ပြည်သို့ ပြန်သွားခဲ့သဖြင့် အမှုအားလျစ်လျူရှုကာ ကုမ္ပဏီအားနာမည်ပျက်စေတော့မည်ဟု ထင်နေခဲ့တာဖြစ်သည်။

လက်ထဲတွင် ဖုန်းကိုင်ထားဆဲဖြစ်သော ရွှီဟွိုက်စုန့်မှာ စိတ်မပူရန် အင်္ဂလိပ်လို အဆင်ပြေပြေ ချောချောမွေ့မွေ့ ပြန်ပြောလိုက်ရသည်။

အနီးအနားတွင် လင်ကွန်းပန်းခြံရှိကာ ကားဒရိုင်ဘာမှလည်း ရွှီဟွိုက်စုန့်အတွက် ကားတံခါးဖွင့်ပေးထားပြီးပြီ ဖြစ်သည်။ ရွှီဟွိုက်စုန့်လည်း ဒရိုင်ဘာအား ခေါင်းညိတ်ပြ၍ နှုတ်ဆက်လိုက်ကာ ဖုန်းကိုင်လျက် ကားနောက်ခန်းသို့ ဝင်ထိုင်လိုက်သည်။

လျိုမောက်ကလည်း အလုပ်ကိစ္စကို ဆက်ပြောလေသည်။ " ငါမင်းအတွက်နဲ့ အမှုကို လက်ခံပေးထားလိုက်တယ်နော် "

ဤအကြိမ်တွင်‌တော့ ရွှီဟွိုက်စုန့်သည် ယဉ်ကျေးစွာပြန်ပြောလိုက်မိသည်။ "ကျေးဇူးတင်ပါတယ်ကွာ "

လျိုမောက်မှာမူ သိချင်စိတ်ပြင်းပြစွာဖြင့် မေးလာလေသည်။ " သူကမင်းကို တော်တော်ရှောင်နေတာကွ ၊ မင်းဟာက အတင်းအကြပ် ရွေးခိုင်းနေသလိုဖြစ်နေပြီ၊ ဟန်မြို့မှာ ဥပဒေကုမ္ပဏီတွေအများကြီးရှိတာကို ဘာဖြစ်လို့ ကျီခွန်းကိုမှ ရွေးစေချင်နေရတာလဲ"

" ဘာဖြစ်လို့လဲဆိုတော့ အဲ့အမှုနဲ့ပတ်သတ်ပြီး ငါတစ်ယောက်ပဲ သေချာသိတာမို့လို့လေ "

" အမှုက ပုံမှန်အမှုပဲကို၊ ဘယ်ကုမ္ပဏီပဲဖြစ်ဖြစ် ကိုင်တွယ်နိုင်ပါတယ်ကွာ ၊ အေး မင်းသူ့‌အပေါ် ခံစားချက်ရှိနေတာက ပြဿနာမရှိဘူး၊ ဒါပေမယ့် မင်းကရှေ့နေတစ်ယောက်ဆိုတာကိုလည်း မေ့မသွားနဲ့ဦး ၊ အမှုသည်တောင်းဆိုသမျှ လိုက်လျောပေးနေလို့မှ မဖြစ်တာကွာ ၊ သူက တစ်ခုတောင်းဆိုလိုက်တာနဲ့ မင်းကမျက်တောင်တစ်ချက်မခတ်ဘဲ လက်ခံပေးနေလိုက်တော့တာချည်းပဲ"

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now