CHAPTER (5-1)

435 61 0
                                    

နောက်တစ်နေ့မနက်တွင်လည်း ရှန်မင်ယင်သည် ရွမ်ယွီ၏တိုက်ခန်းသို့ ထပ်ရောက်လာသည်။ ရှန်မင်ယင်က ရွမ်ယွီ၏ ဆဲလ်ဖုန်းအား သိမ်းဆည်းကာ အိပ်ရာဝင်ခိုင်းလေသည်။ ထို့နောက် ရှန်မင်ယင်မှာ ရွမ်ယွီ့ဧည့်ခန်းထဲတွင် ထိုင်၍ ဥပဒေနယ်ပယ်က သူငယ်ချင်းများကို ဆက်သွယ်ကြည့်နေလေသည်။ ပြဿနာမှာ ပို၍ကြီးထွားလာ၍ "ကဗျာရေးသူ"နှင့်လည်း မသက်ဆိုင်တော့ဘဲ weibo တွင် စာအရှည်ကြီးတင်ခဲ့သူ "စုချန်း"နှင့်သာသက်ဆိုင်တော့သည်။

စုချန်းမှာ လွန်ခဲ့သောနှစ်အနည်းငယ်တုန်းမှစပြီး ရွမ်ယွီနှင့် သဘောထား မတိုက်ဆိုင်ခဲ့တာ ဖြစ်သောကြောင့် ယခုအခွင့်အရေးရချိန်တွင် ရည်ရွယ်ချက်ရှိရှိ ပြဿနာရှာနေခြင်းဖြစ်ပေသည်။ ရှန်မင်ယင်နှင့် ရွမ်ယွီတို့မှာ ပြဿနာအားတရားဥပဒေအတိုင်း ဖြေရှင်းကြတော့ရန်သာ မနေ့ညက ဆုံးဖြတ်ခဲ့ကြလေသည်။

သုံးနာရီခန့်ကြာသော် ရွမ်ယွီလည်း အိပ်ရာမှထလာကာ နှစ်ယောက်စလုံးအတွက် စားစရာပြင်ဆင်ရန် မီးဖိုချောင်ဝင်နေသည်။ ပါစတာနှင့် ဟင်းရွက်စွပ်ပြုတ်ကိုယူလာချိန်တွင် ရှန်မင်ယင်က စိတ်လှုပ်ရှားစွာပြောပြလာသည်။ "ငါအစီအစဉ်ဆွဲလိုက်ပြီ၊ ကျီခွန်း ဥပဒေကုမ္ပဏီနဲ့၊ သူတို့လည်း ဟန်မြို့တော်ထဲမှာပဲ၊ နင့်ဆီကို ရှေ့နေရဲ့ လုပ်ငန်းကတ်‌ မေးလ်ပို့လာလိမ့်မယ်"

ရွမ်ယွီလည်း "ဟုတ်ပြီလေ"ဟု ပြောကာ ဟင်းပန်းကန်များကိုချ၍ အီးမေးလ်စစ်ကြည့်လိုက်သည်။ ထို့နောက် မျက်နှာအမူအရာပြောင်းသွားကာ ပြန်ပြောလိုက်မိသည်။ "ကမ္ဘာကြီးက တကယ်ကျဉ်းကျဉ်းလေးပဲနော်"

သို့မဟုတ် ဟန်မြို့ကကျဉ်းသည်ဟုပင် ပြောရမည်လော။

ရှန်မင်ယင်က ဘာဖြစ်လို့လဲဟုမေးလိုက်သည်။
ရွမ်ယွီသည် ဆဲလ်ဖုန်းအားလှုပ်ပြလျက် ဖြေလိုက်သည်။ "အဲ့တစ်ယောက်က ငါဘလိုင်းဒိတ်တွေ့ခဲ့တဲ့သူလေ"

မကြာသေးမီကပင် လျိုမောက်သည် we chat မှတဆင့် ရွမ်ယွီအား အဆင်ပြေမပြေ မေးခဲ့သေးသည်။ ရွမ်ယွီမှာမူ လျိုမောက်နှင့် နီးစပ်လာစေရန် စိတ်ကူးမရှိသဖြင့် ဒုက္ခမပေးချင်သောကြောင့် ဖြေရှင်းပြီးပြီဟုပင် လိမ်ညာပြောခဲ့လိုက်လေသည်။

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now