CHAPTER (11-3)

385 58 1
                                    

"မမက ညီမအခြေအနေကို ထည့်စဉ်းစားပေးတယ်ဆိုတော့ ရုပ်ရှင်ထုတ်လုပ်တဲ့ ကုမ္ပဏီကို ဘယ်လိုပြောမှာလဲဟင်"

ရွှီဟွိုက်စုန့်ကြိုတင်ပြင်ဆင်ပေးထားသော ဇာတ်ညွှန်းထဲတွင် ထိုမေးခွန်းမပါသဖြင့် ရွမ်ယွီမှာ ခေတ္တတိတ်ဆိတ်သွားသည်။ ထို့နောက် ရွှီဟွိုက်စုန့်က စာရိုက်ပြသည်ကိုမြင်မှ သက်ပြင်းချနိုင်တော့လေသည်။

ချန်ရှီရှီမှာလည်း ရွမ်ယွီတစ်ယောက် ကျဉ်းထဲကြပ်ထဲရောက်နေမှန်းသိသဖြင့် စတင်အသနားခံလေတော့သည်။ "မမ ကိစ္စတွေက ဒီလောက်ထိဖြစ်လာမယ်ဆိုတာ ညီမတကယ်မသိခဲ့တာပါ၊ အဲ့တုန်းက အတင်းအဖျင်းရေးတဲ့အဖွဲ့သေးသေးလေးကိုပဲ ငှားခဲ့မိတာပါ၊ အရမ်းလူသိများလာပြီး hot searchထဲဝင်သွားမယ်လို့လည်း မထင်ခဲ့မိလို့ပါ..... မမ ညီမကို ကူညီပါနော်၊ သူတို့ကို လျှော့ပေါ့ပေးခိုင်းပါ၊ မဟုတ်ရင် ညီမ..... ညီမ ခေါင်းဖော်နိုင်မှာ မဟုတ်ဘူး....."

ရွှီဟွိုက်စုန့်က ဖုန်းချရန် အချက်ပြလာသည်။
ရွမ်ယွီလည်း သူ့ကို တစ်ချက်ကြည့်လိုက်ကာ ချန်ရှီရှီအား အမြန်ပြန်ပြောလိုက်သည်။ "ဟုတ်ပါပြီ၊ မမကူညီနိုင်သလောက် ကူညီပေးပါ့မယ်၊ ရှေ့နေ့တွေကို စကားပြန်ပြောကြည့်လိုက်ပါဦးမယ်"

ဖုန်းချလိုက်ကာ အသံသွင်းထားသည်ကို ဂရုတစိုက်ပိတ်လိုက်သည်။ ထို့နောက် ကွန်ပြူတာနားကပ်ကာ မေးလိုက်သည်။ "ဒါက အလုပ်ဖြစ်ပါ့မလား"

ရွှီဟွိုက်စုန့်ကလည်း ခေါင်းညိတ်ပြလိုက်သည်။ "အသံသွင်းထားတာကို လျိုမောက်ကို ပေးလိုက်ပါ"

ရွမ်ယွီလည်း စိတ်သက်သာရာ ရသွားလေသည်။

အမှန်တွင် သူတို့၏ အကြံအစည်မှာ အတော်အသင့် ရိုးစင်းလေသည်။ ရွှီဟွိုက်စုန့်သည် သူမအား ဥပဒေအရဆိုလျှင် မူလစာရေးသူကိုယ်တိုင်သာ မူပိုင်ခွင့်အတွက် တရားစွဲဆိုနိုင်ကြောင်း ပြောပြထားလေသည်။ ချန်ရှီရှီတွင် တရားစွဲနိုင်သော အခွင့်အရေးမရှိချေ။ "ကဗျာရေးသူ"အား တရားစွဲရန် မြှောက်ပင့်ပေး၍ ရွမ်ယွီအား ကြေအေးပေးရန် ညှိနှိုင်းရခြင်းမှာ "ကဗျာရေးသူ"အတွက် တရားစွဲဆိုရန် အချိန်ပိုထွက်လာရန်သာ ဖြစ်လေသည်။

ကြမ္မာဖန်သော ပျော်ရွှင်မှုOnde histórias criam vida. Descubra agora