CHAPTER (14-2)

305 36 1
                                    

[အခုမှပဲ နားလည်တော့တယ်၊ ကဗျာရေးသူက အကုန်ရှင်းပြပြီး တောင်းလည်းတောင်းပန်ပြီးပြီ၊ မဆိုင်တဲ့ 'စုချန်း'ကပဲ 'ဝမ်ရှန်း'ကို လိုက်နှောက်နေတာ၊ အပြင်မှာ မကြည်လို့ဖြစ်ရမယ်]

[တွေးမိလေလေ ကြောက်လာလေလေပဲ၊ စုချန်းက မကောင်းတဲ့သူမလား]

[သူက ဘယ်ကျောင်းကလဲ၊ အဆုံးထိ စုံစမ်းကြရအောင်]

[ကီးဘုတ်ပေါ်ကနေပြီးတော့ သူများကိစ္စကို စပ်စုနေလိုက်ကြတာများ၊ အရင်တုန်းကကြ 'ဝမ်ရှန်း'က်ို မကောင်းပြောတယ်၊ အခု 'စုချန်း'အလှည့်ရောက်လာပြီ၊ သူဘယ်ကျောင်း တက်ခဲ့တက်ခဲ့ နင်တို့အပူမှ မဟုတ်ဘဲ]

လူထုအမြင်ပြောင်းလဲတိုးတက်လာမှုသည် မျှော်မှန်းထားသည်ထက် ကျော်လွန်လို့နေသဖြင့်  မှတ်ချက်များကိုဖတ်နေရင်း ရွမ်ယွီ မျက်မှောင်ကြုံ့လိုက်မိသည်။

ထို့နောက် ပို့စ်တစ်ခုကို မြင်လိုက်ရသည်။ [အရူးလုပ်မခံကြနဲ့ ၊ နောက်ကွယ်မှာ ပရိုကျတဲ့အဖွဲ့တစ်ခုခု ရှိကိုရှိရလိမ့်မယ်၊ 'ဝမ်ရှန်း'နောက်မှာ လူတွေအများကြီးရှိနေလောက်တယ် ]

ထိုသို့မြင်သောအခါ ရွမ်ယွီသည် အံ့အားသင့်သွားကာ အသေးစိတ်ဖတ်ကြည့်ရန်ပြင်လိုက်သည်။ သို့ပါသော်လည်း ထိုပို့စ်သည် ခဏအတွင်း ပျောက်သွားလေ၏ ။

ဆက်ဖတ်နေရင်း နောက်ထပ်ပို့စ်တစ်ခု တွေ့လိုက်ရပြန်သည်။ [လူထုအမြင်က ဒီလောက်တောင် ပြောင်းလဲသွားတာ တစ်ခုခုလွဲနေတယ် မထင်ဘူးလား]

ရွမ်ယွီ အသေးစိတ်ဖတ်ကြည့်ရန် နှိပ်လိုက်ပြန်သော်လည်း ပျက်သွားပြန်လေသည်။

ထိုစာများသည် စက္ကန့်အနည်းငယ်အတွင်း ပျောက်ပျောက်သွားနေလေသည်။ ပထမတစ်ကြိမ်သည် တိုက်ဆိုင်မှုဖြစ်နိုင်သော်လည်း ဒုတိယအကြိမ်ထပ်ဖြစ်သည်ကတော့ အဓိပ္ပါယ်မရှိချေ။

ရွမ်ယွီ ဂရုတစိုက်ဖြင့် လိုက်လံကြည့်ရှုနေမိသည်။ ရှေ့နေစာတမ်းနှင့် တရားရုံးမှ သတိပေးစာတို့ကြောင့်ဆိုသော်လည်း အဖြစ်အပျက်တစ်ခုလုံးသည် သေချာစီစဉ်ထားသကဲ့သို့ ဖြစ်နေလေသည်။

ကြမ္မာဖန်သော ပျော်ရွှင်မှုNơi câu chuyện tồn tại. Hãy khám phá bây giờ