CHAPTER (5-3)

429 71 2
                                    

လျိုမောက်၏စကားသံကြောင့် ရွမ်ယွီ အတွေးများကို ရပ်လိုက်မိသည်။ လျိုမောက်မှာ ရွမ်ယွီ၏မျက်လုံးကိုကြည့်ကာ သေချာမိတ်ဆက်မပေးရသေးကြောင်း သတိပြုမိသွားလေသည်။ "ဪ မိတ်ဆက်ပေးရဦးမယ်....."

ဆိုဖာပေါ်ရှိအမျိုးသားသည် တစ်စက္ကန့်မျှတွန့်ဆုတ်သွားဟန်ရှိသော်လည်း မတ်တပ်ရပ်ကာ လှည့်ကြည့်လာလေသည်။

သူမ၏နှလုံးသားက သိပြီးဖြစ်သော်လည်း ထိုသူ၏မျက်နှာကို မြင်လိုက်ရသောအခါ ရွမ်ယွီမှာ နေရာတွင်ပင် အေးခဲသွားသယောင် ခံစားလိုက်ရပေသည်။

နွေရာသီဖြစ်၍ အခန်းတွင်း၌ အဲကွန်းဖွင့်ထားပေသည်။ သို့သော်လည်း သူမခန္ဓာကိုယ်တွင်းရှိသွေးများမှာ ပွက်ပွက်ဆူလာ‌သယောင်ခံစားနေရသည်။ ခန္ဓာကိုယ်အပူချိန်တက်လာကာ ခေါင်းလည်းမူးလာပေလေသည်။

ရေကာတာများအား တပြိုင်နက်ဖွင့်ချလိုက်သကဲ့သို့ပင် သူမနားထဲတွင်လည်း ကမ္ဘာမြေကြီး၏တုန်ခါမှုကိုသာ ကြားယောင်နေမိသည်။

မျက်လုံးချင်းဆုံမိသွားသောအခါ မီးအပူမိသွားသကဲ့သို့ပင် သူမလက်ထဲမှ စာရွက်စာတမ်းများကို လွှတ်ချမိသွားလေသည်။ အထဲမှ စာရွက်များအားလုံး မြေပေါ်တွင် ပြန့်ကြဲသွားကြပေသည်။

နှုတ်ခမ်းပါးပါး၊ မျက်ခုံးပြားပြား၊ မျက်လုံးနက်နက်တစ်စုံ... ထိုမျက်နှာပင်ဖြစ်သည်။

ရွှီဟွိုက်စုန့်?

သူကဘယ်လိုလုပ်ပြီး ရွှီဟွိုက်စုန့်ဖြစ်နိုင်မှာလဲ
လျိုမောက်ပြောဖူးတဲ့ စီနီယာတွဲဖက်ဆိုတာက ရွှီဟွိုက်စုန့်တဲ့လား။

ထိုမေးခွန်းများသည် သူမနှလုံးသားထဲ၌ အလျှိုလျှိုထွက်ပေါ်လာသည်။ ရွမ်ယွီသည် မယုံကြည်နိုင်သေးသဖြင့် မျက်လုံးများပွတ်ကြည့်ရန်ပင် ဟန်ပြင်လိုက်သေးသည်။ လျိုမောက်က စာရွက်စာတမ်းများထည့်သောဖိုင်ကို ‌ပြန်ကောက်ပေးတော့မှ သတိပြန်ဝင်လာသည်။ ခါးညွတ်လိုက်ပြီး ရီဝေဝေအသံဖြင့် ရွမ်ယွီ ပြောလိုက်မိသည်။ "ဆောရီးနော်၊ ကျွန်မကောက်လိုက်ပါ့မယ်"

လျိုမောက်မှာလည်း ဤအခြေအနေကြောင့် ကြောင်တောင်တောင်ဖြစ်နေလေသည်။ အချင်းချင်းမိတ်ဆက်မပေးရသေးသော်လည်း ထိုနှစ်ယောက်ကြားတွင် ဘာတွေဖြစ်နေသည်ကို သူ မသိတော့ပေ။

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now