CHAPTER (16-3)

152 27 0
                                    

ရုတ်တရတ် ရွမ်ယွီ၏ ကွန်ပြူတာမှ အသံထွက်လာသည်။ we chat မှ စာပို့လာခြင်း ဖြစ်သည်။ ရွမ်ယွီ အမြန်ပဲ အသံပိတ်လိုက်သည်။ မော့ကြည့်လိုက်ကာ ရွှီဟွိုက်စုန့် မကြားလိုက်မှန်းသေချာမှ စာကိုဖွင့်ကြည့်လိုက်မိသည်။

ယောင်ကျဲ : [ ရှောင်း၀မ်  ပြန်တင်ဖို့ နှိုင်းယှဉ်ပြဇယား ဆွဲပြီးသွားပြီလား ]

ယောင်ကျဲမှာ စာရေးဆရာအသိုက်အဝန်းမှ ရွမ်ယွီ၏ သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ပြီး ယခုကိစ္စများစတင်ခဲ့ချိန်တွင် နှိုင်းယှဉ်ပြဇယားများ ကူညီရေးဆွဲပေးခဲ့သူလည်း ဖြစ်ပေသည်။ နောက်ပိုင်း ရွှီဟွိုက်စုန့်က ထိုအလုပ်အား လက်လွှဲယူလိုက်သောအခါမှ ဆက်လက်မရေးပေးတော့ခြင်း ဖြစ်ပေသည်။

ရွမ်ယွီမှာ တတ်နိုင်သမျှ ခပ်တိုးတိုးဖြင့် ဖြည်းဖြည်းချင်း စာရိုက်လိုက်လေသည်။ [ နည်းနည်းတော့လိုသေးတယ်၊ စိတ်ပူပေးတာ ကျေးဇူးပါ ယောင်ကျဲ ]

ယောင်ကျဲ : [ အခုထိ မပြီးသေးတာလား၊ သတိထားဦးနော် ရှေ့နေက တမင်နှေးအောင် လုပ်နေတာများလားမသိဘူး ]

ရွမ်ယွီလည်း ငြိမ်သက်နေသော ရွှီဟွိုက်စုန့်ကို မော့ကြည့်လိုက်မိကာ စာပြန်လိုက်သည်။ [ မဟုတ်လောက်ပါဘူး ]

ယောင်ကျဲ : [ တမင်လုပ်တာမဟုတ်ဘူးဆိုရင် မကျွမ်းကျင်လို့ဘဲ ဖြစ်ရမယ်၊ ကျွမ်းကျင်တဲ့သူကို သေချာရှာလေ ]

ယောင်ကျဲပြောနေသောသူသည် ရွမ်ယွီ၏ ရှေ့တည့်တည့်တွင် နှစ်မီတာပင် မကွာဝေးချေ။ ရွမ်ယွီလည်း ထိုစာများကို ရွှီဟွိုက်စုန့်မြင်သွားမည်စိုးကာ အမြန်စာပြန်လိုက်သည်။ [ သူက ကျွမ်းကျင်ပါတယ် ၊ အလုပ်ရှုပ်နေလို့ပါ၊ စိတ်လည်းချရပါတယ် ယောင်ကျဲ ]

နောက်ဆုံးစာကို ပို့ပြီးသောအခါ သူမရှေ့မှလူသည် လှုပ်ရှားသွားကြောင်း ရွမ်ယွီ သတိပြုလိုက်မိသည်။

ရွမ်ယွီလည်း မတ်တပ်ရပ်လိုက်ကာ လေအေးပေးစက်ထံ ခြေဖော့သွား၍ လေအေးများကို ရွှီဟွိုက်စုန့်ဆီ တိုက်ရိုက်မရောက်စေရန် ချိန်ဆလိုက်သည်။ ပြန်လှည့်လာသောအခါ ဖုန်းမြည်သံကို ကြားလိုက်ရသည်။

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now