CHAPTER (4-2)

440 60 0
                                    

ရွမ်ယွီလည်း ထိုအခါမှ အိပ်ချင်စိတ်ပျောက်သွားကာ ရှန်မင်ယင်အားနှိုး၍ ဖုန်းကိုပြလိုက်သည်။

"စာမူကြမ်းက တကယ်ကြီး ပေါက်ကြားသွားတာလား" စာကိုဖတ်ကြည့်ပြီးသည့်အခါ ရှန်မင်ယင်က မျက်လုံးများကို ပွတ်ရင်းပြောလာသည်။

အစပိုင်းတွင် သူတို့နှစ်ယောက်လုံး စာမူကြမ်းပေါက်ကြားသွားနိုင်ချေကို တွေးမိကြသေးသည်။ သို့သော်လည်း ရှန်မင်ယင်မှအပ နှစ်ရှည်လများ အလုပ်တွဲလုပ်ခဲ့ဖူးသည့် ထုတ်ဝေသူတစ်ယောက်ကိုသာ စာမူကြမ်းအား ပြဖူးတာဖြစ်လေသည်။ ထို့အပြင် စာမူကြမ်းတစ်ခုတည်းကိုသာအခြေခံထားပါက ဤကဲ့သို့ အချက်အလက်များစွာ တထပ်တည်းတူနေရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် ဘယ်လိုဖြစ်သွားသည်ကို ရွမ်ယွီတို့ ကောက်ချက်မချနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

ရွမ်ယွီ မျက်မှောင်ကြုံ့လိုက်မိကာ "ငါ့ကွန်ပြူတာကိုများ ဗိုင်းရပ်စ်ကိုက်သွားလို့လား" ဟုရေရွတ်လိုက်မိသည်။

မျက်လုံးများကိုပွတ်သပ်လိုက်ပြီးနောက် အိပ်ရာမှ သေချာနိုးလာပြီဖြစ်သော ရှန်မင်ယင်သည် " အာ " ဟု ရေရွတ်လိုက်ကာ ရွမ်ယွီ၏ပုခုံးကို လာပုတ်လေသည်။

"စတစ်လေ! အဲ့နေ့က ကော်ဖီဆိုင်မှာ စတစ်ပြန်သိမ်းခဲ့လား"

ရွမ်ယွီသည် မျက်ခုံးပင့်လိုက်မိကာ အိပ်ရာပေါ်မှ ခုန်ထလိုက်ပြီး အခန်းထဲ၌ ရှာဖွေကြည့်လေတော့သည်။ နာရီဝက်ခန့်ကြာသောအခါ ရွမ်ယွီသည် အိပ်ရာပေါ်တွင် ဒူးထောက်လျက် ငိုအံ့ဆဲဆဲအသံဖြင့် ပြောလိုက်မိသည်။ "မတွေ့တော့ဘူး....."

ထိုနေ့က သူမအမေက အကြောင်းမကြားဘဲရောက်လာသဖြင့် အမြန်ပြန်သွားခဲ့ရသောကြောင့် ပြန်ယူခဲ့မိသလားဆိုသည်ကိုပင် မမှတ်မိတော့ချေ။ ရွမ်ယွီထွက်သွားပြီးမကြာမီပင် ရှန်မင်ယင်လည်း သူမလက်တော့ပ်ကိုသာသယ်၍ ကော်ဖီဆိုင်မှ ပြန်ခဲ့တာဖြစ်သည်။

နှစ်ယောက်စလုံး ကိုယ့်နဖူးကိုကိုယ် ရိုက်လိုက်မိကြသည်။

စာမူကြမ်းတစ်ခုတည်းသာ ပေါက်ကြားခဲ့ခြင်းဆိုလျှင် ဤအခြေအနေထိရောက်လာမည် မဟုတ်ချေ။ စတစ်ထဲတွင်မူ သူမဒိုင်ယာရီထဲမှ အသေးစိတ်အချက်အလက်များလည်း ပါဝင်လေသည်။

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now