CHAPTER (15-2)

261 39 0
                                    

ရွမ်ယွီ မီးဖိုချောင်ထဲမှ ရေယူပြီးနောက် ပြန်ထွက်လာသည်။ လီရှီးချန်က မတ်တပ်ရပ်လျက်သာ ရှိနေသေးသည်ကို တွေ့လိုက်ရသဖြင့် ရေခွက်ကို ကမ်းပေးရင်း ပြောလိုက်သည်။ "ဆောရီးနော်  အိမ်မှာက ယောက်ျားလေးအိမ်စီးဖိနပ်မရှိဘူး ၊ ဒီတိုင်းပဲ ဝင်လာလိုက်လေ " 


" ခုထိရည်းစားမရှိသေးဘူးလား " Li Shican က ရေရွတ်လိုက်ရင်း မနေ့တနေ့ကမှ တွေ့ထားကြသလို ရင်းနှီးစွာ စကားပြောနေလေသည်။

ရွမ်ယွီ တစ်ဖက်သူ၏မေးခွန်းကိုရှောင်ကာ  ဧည့်ခန်းထဲဝင်လာရန် ခေါ်လိုက်သည်။ ကသိကအောက်ဖြစ်နေမှုကို ပြေလျော့စေရန် ရွမ်ယွီ စကားလမ်းကြောင်းလွှဲလိုက်မိသည်။ " အောက်ကဗန်ကားက နင့်ကားလား "

လီရှီးချန်က ရေခဲရေအားသောက်နေရင်း  ခေါင်းညိတ်ပြလာသည်။ " အရမ်းကြည့်ရဆိုးနေလား ၊ ဟိုင်မြို့မှာက မိုးရွာနေတော့ တစ်လမ်းလုံး ရွှံ့တွေချည်းပဲ "

ရွမ်ယွီ ကိုယ့်နဖူးကိုယ် ပြန်ရိုက်မိလိုက်ပြီးမှ ရုတ်တရတ် တစ်ခုခုလိုနေသလို ခံစားလိုက်ရသည်။

ထိုအချိန်မှာပင် ကော်ဖီစားပွဲပေါ်ရှိ ကွန်ပြူတာမှ နိုတီတက်လာသံကြားလိုက်ရသည်။ -- -- တစ်စုံတစ်ယောက်က We chat မှနေ၍ ဗွီဒီယိုကောလ်ခေါ်ရန် တောင်းဆိုခြင်းဖြစ်လေသည်။

ထိုအခါမှသာ ရွှီဟွိုက်စုန့်ကို ရွမ်ယွီ သတိရသွားမိသည်။ ရွှီဟွိုက်စုန့်ကို မေ့နေခဲ့ခြင်း ဖြစ်ပေသည်။

လီရှီးချန်အား ရှင်းပြမနေတော့ဘဲ ဗွီဒီယိုကောလ်ကိုသာ ရွမ်ယွီ အမြန်ဖြေလိုက်သည်။

ရွှီဟွိုက်စုန့်ဘက်မှ ပါးစပ်မဟနိုင်သေးခင်မှာပင် ရွမ်ယွီ အမြန်ပြောလိုက်ရသည်။ " ဆောရီး ဆောရီး မစ္စတာရွှီ၊ ကျွန်မအဆင်ပြေတယ်ဆိုတာပြောဖို့ မေ့သွားလို့ "

ရွှီဟွိုက်စုန့်၏မျက်လုံးထဲရှိ စိုးရိမ်မှုများမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတော့သည်။တည်တည်ငြိမ်ငြိမ်ပဲနေနေရင်း ရွှီဟွိုက်စုန့်သည် ရွမ်ယွီ၏နောက်တွင်ရပ်နေသော လီရှီးချန်နှင့် မျက်လုံးချင်း ဆုံသွားတော့သည်။ မျက်လုံးနှစ်စုံ  ဆုံသွားချိန်တွင် အေးခဲသွားသယောင် ခံစားလိုက်ရသည်။

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now