CHAPTER (18-3)

173 32 0
                                    

ပြတင်းပေါက်အပြင်ဘက်တွင် မိုးရေစက်များက ပျင်းရိဖွယ် တစ်တောက်တောက် ကျလို့နေသည်။

ရွမ်ယွီမှာ နောက်ဆုံး မျက်လုံးဖွင့်နေခဲ့သည့်အချိန်ကိုပင် မမှတ်မိတော့ချေ။ သူမ နောက်ဆုံးအနေဖြင့် သိလိုက်ရသည်မှာ နောက်တစ်နေ့မနက်စောစောတွင် ငှက်သံများကြောင့် နိုးလာခြင်းပင်ဖြစ်သည်။ ဆဲလ်ဖုန်းရှိအချိန်ကို ကြည့်လိုက်သောအခါ မနက် ၅:၅၂နာရီ ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရသောအခါ ရွမ်ယွီ ထအော်လိုက်မိသည်။

ထို့နောက် ဖုန်းထဲမှ အသံထွက်လာသည်ကို ကြားလိုက်ရသည်။ စောင်နှင့် အဝတ်စပွတ်မိသွားသံနှင့် တူနေလေသည်။ ထို့နောက်တွင် ရွှီဟွိုက်စုန့်၏ အသံဩဩကို ကြားလိုက်ရတော့သည်။ " ဘာလုပ်နေတာလဲ "

" ..... "

ရွမ်ယွီ ကြောင်တောင်တောင် ဖြစ်သွားမိသည်။ မသိပါက ရွှီဟွိုက်စုန့်က သူမဘေးတွင် နိုးလာသကဲ့သို့ပင် ဖြစ်လို့နေသောကြောင့်ပင် ။

ဆဲလ်ဖုန်းကို အမြန်ကောက်ကိုင်ကာ ရွမ်ယွီ ရှင်းပြလိုက်ရသည်။ " ကြည့်ရတာ မနေ့ညက ကျွန်မရုတ်တရတ် အိပ်ပျော်သွားတဲ့ပုံပဲ..... " ရှင်းပြပြီးမှ စူးစမ်းချင်လာသဖြင့် ရွမ်ယွီ ထပ်‌ဖြည့်၍မေးလိုက်သည်။ " ဘာလို့ ဖုန်းမချထားတာလဲဟင် "

ရွှီဟွိုက်စုန့်က သက်ပြင်းချလိုက်ကာ ပြန်ပြောလာသည်။ " ကျွန်တော်လည်း အဲ့အချိန်လောက်မှာပဲ အိပ်ပျော်သွားတာ ဖြစ်လိမ့်မယ် "

" ..... "

အမှုကိစ္စဆွေးနွေးနေစဉ် ဘယ်လိုများ အိပ်ပျော်သွားနိုင်ရတာပါလိမ့် ။ ရွှီဟွိုက်စုန့်မှာ ဤမြို့၏ အရေးပါသူတစ်ယောက် မဟုတ်ပေဘူးလား ။

ရွမ်ယွီမှာ မနေတတ်မထိုင်တတ် ဖြစ်လာမိကာ " ဪ "ဟုသာ ပြန်ဖြေလိုက်မိတော့သည်။  ထို့နောက် ဖုန်းချမည်ပြင်လိုက်သောအခါ စူးရှလှသော "ပီးပေါ်-- --ပီးပေါ်-- --" ဟူသောအသံကို ရွှီဟွိုက်စုန့်၏ဘက်မှ ကြားလိုက်ရလေသည်။

" ဘာအသံလဲ "

" ဆေးရုံကားသံပါ "

" ဘယ်လိုဖြစ်ပြီး ဆေးရုံကားက အဲ့ကိုရောက်နေတာလဲ "

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now