CHAPTER (6-2)

426 61 1
                                    

လျိုမောက်မှာ ကြောင်တောင်တောင်ဖြစ်သွားလေသည်။ သူနှင့်ရွမ်ယွီမှာ ရွှီဟွိုက်စုန့်ကို နေ့လည်စာအတူစားရန် မဖိတ်ခဲ့မိချေ။

ရွမ်ယွီလည်း အံ့ဩသွားကာ မေးလိုက်သည်။ "ရှင်တို့နှစ်ယောက် နေ့လည်စာအတူစားဖို့ ပြောထားပြီးသားလား" ထို့ကြောင့် ရွှီဟွိုက်စုန့်သည် သူ့ကိုပါနေ့လည်စာအတူစားရန်ဖိတ်သည်ဟု ယူဆမိချေသလော။

လျိုမောက်လည်း ခေါင်းခါရန် ငြင်းဟန်ပြင်လိုက်မိသည်။ သို့သော်လည်း သူ့ကိုယ်သူပင် နားမလည်နိုင်စွာဖြင့် ခေါင်းညိတ်ပြလိုက်မိလေသည်။ " အင်း ၊ ကျွန်တော်တို့ နောက်တစ်ခေါက်မှ အတူစားလိုက်ပါ့မယ်"

ရွမ်ယွီမှာ တံခါးအပြင်ဘက်ကို ညွှန်ပြရင်းပြောလိုက်မိသည်။ " သူကဆင်းတောင် ဆင်းသွားနေပြီလေ "

လျိုမောက်က အဆင်ပြေကြောင်း ပြန်ပြောသည်။ အောက်ထပ်သို့ရောက်သောအခါ လျိုမောက်မှ ရွှီဟွိုက်စုန့်အား ရွမ်ယွီနှင့်အတူ နေ့လည်စာမစားဖြစ်တော့သည့်အကြောင်းပြောကာ ရွမ်ယွီအားပို့ပြီးပြန်ရောက်လာသည်အထိ ရုံးခန်းထဲမှာပဲ စောင့်နေရန်ပြောလိုက်သည်။

ရွှီဟွိုက်စုန့်ကလည်း ရွမ်ယွီအား တစ်ချက်ကြည့်လိုက်ကာ လျိုမောက်အား ပြန်ပြောလေသည်။ "ဒီမှာ အိပ်ဖို့နေရာရှိလား"

ထိုမေးခွန်းကြောင့် လျိုမောက်လည်း ကြောင်သွားမိပြန်သည်။ ရွှီဟွိုက်စုန့်မှာ လေယာဉ်ကြာမြင့်စွာ စီးလာရခြင်းကြောင့် အချိန်မှားယွင်းခြင်းဖြစ်နိုင်သော်လည်း တစ်ခုခုလွဲနေသေးပေသည်။ "မင်းက ဒီအချိန်ကြီးအိပ်မလို့လား"

" အင်းလေ၊ ငါ့ကိုဟိုတယ်ရှာပေး " ရွှီဟွိုက်စုန့်က ဆက်ပြောလိုက်သေးသည်။ " ငါ့ဆီမှာ ယာဉ်မောင်းလိုင်စင်မရှိဘူးနော် " လျိုမောက်အား ကားမောင်းပေးစေနေချင်ကြောင်း သိသာလှပေသည်။

"ဒါဆို ငါတို့ မစ္စစ်ရွမ်ကို အရင်ပြန်ပို့ကြမလား"

"အင်း"

ဤသို့ဖြင့် သူတို့သုံးယောက်လုံး ကားပါကင်ဆီသို့ လမ်းလျှောက်သွားလိုက်ကြသည်။ လျိုမောက်၏ Land Rover ကားမှာ တောက်ပြောင်နေလေသည်။ မကြာသေးမီကပင် အရောင်တင်ထားပုံရပေသည်။ လျိုမောက်သည် အရှေ့ဘက်ခရီးသည်ထိုင်ခုံတွင် ရွမ်ယွီထိုင်နိုင်ရန်အတွက် တံခါးဖွင့်ပေးသော်လည်း ရွမ်ယွီက တွန့်ဆုတ်နေလေသည်။

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now