CHAPTER (19-3)

143 23 0
                                    

ရွှီဟွိုက်စုန့်က ကွန်ပြူတာကိုကြည့်နေရင်း မျက်မှောင်ကြုံ့လိုက်လေသည်။

" ဘာဖြစ်လို့လဲ " ရွမ်ယွီ မေးလိုက်သည်။

" ဒါက အရမ်းရှည်လွန်းနေတယ် ၊ ကျွန်တော်က မျက်လုံးညောင်းနေလို့ "

အစာအိမ်ရောဂါကြောင့် ဆေးရုံတက်ရတာ မဟုတ်ဘူးလား ?

" ဒါဆို အနားယူပြီးမှ အေးဆေးဖတ်လိုက်ပါလား "

" မင်းပဲ ဖတ်လိုက်ပါလား "

" ? "

ရွမ်ယွီ မျက်လုံးများကို ပွတ်လိုက်မိသည်။ " ဘာပြောလိုက်တာ ? "

ရွှီဟွိုက်စုန့်ကမူ မျက်လုံးမှိတ်ကာ စောင်ခြုံပြီး အိပ်ရာပေါ်တွင် လှဲလိုက်လေပြီ ။ " မူရင်းစာသားတွေကို အကြမ်းဖျဉ်းပဲ မှတ်မိတော့တာဆိုတော့ အခုတစ်ခေါက် ထပ်ဖတ်ပြပြီးလို့ အမှားမရှိတော့ဘူးဆိုရင် ကျွန်တော်တို့ရဲ့ အလုပ်ပြီးပြီလို့ ပြောလို့ရပါတယ် "

" ..... "

သူ့ကြည့်ရသည်မှာ ထွေထွေထူးထူးမရှိသော်လည်း ရွမ်ယွီအတွက်ကမူ ပြဿနာဖြစ်နေလေသည်။

ရွမ်ယွီမှာ ဟန်လုပ်၍ပင် မပြုံးနိုင်တော့။ " ကျွန်မစစ်ကြည့်ပြီးသွားပြီ ၊ ဒီအခန်းမှာ လိုတာ မရှိတော့ပါဘူး "

" ဒုတိယကမ္ဘာစစ်တုန်းက ဗြိတိန်နဲ့ အမေရိကန်တပ်တွေက သူတို့ရဲ့ တိုက်လေယာဉ်တွေကို အဆင့်မြှင့်ဖို့ လုပ်ခဲ့ကြဖူးတယ် ၊ မပျက်စီးဘဲကျန်ခဲ့တဲ့ တိုက်လေယာဉ်တွေကို သေချာစစ်ဆေးပြီးတော့ အများဆုံး အပစ်ခံရတဲ့နေရာတွေကို အဆင့်မြှင့်ဖို့ ဆုံးဖြတ်ခဲ့ကြတာပေါ့ ၊ ဒါပေမဲ့ အချက်အလက်ပညာရှင်တွေကတော့ သိပ်မထိခိုက်ခဲ့တဲ့ နေရာတွေကိုပဲ ပိုအာရုံစိုက်ဖို့ပြောခဲ့တယ်လေ ၊ အကြောင်းက အဲ့နေရာတွေသာ တကယ်ထပ်ပြီး အပစ်ခံလိုက်ရမယ်ဆိုရင် လေယာဉ်က ပျက်ကျသွားမှာ မို့လို့ပဲ ၊ တော်တော်များများက အဲ့အချက်တွေကို မမြင်ခဲ့ကြဘူး " ရွှီဟွိုက်စုန့်က မျက်လုံးများကို မှိတ်ထားရင်း ပြောနေလေသည်။

" ..... "

ရွမ်ယွီမှာ ဒုတိယကမ္ဘာစစ်နှင့် နှိုင်းယှဉ်ပြဇယားက ဘယ်လိုသက်ဆိုင်သွားသလဲဆိုသည်ကို ဆက်စပ်၍ရမနေပေ ။

ကြမ္မာဖန်သော ပျော်ရွှင်မှုUnde poveștirile trăiesc. Descoperă acum