CHAPTER (19-2)

94 20 0
                                    

ချန်ဟွေ့က ရွမ်ယွီအား ပြုံးပြပြီးနောက် ရွှီဟွိုက်စုန့်ရှေ့ရှိ ဆန်ပြုတ်ပန်းကန်မှာ သူ ပထမတွေ့ထားသည်နှင့် မတူတော့သောကြောင့် အံ့ဩသွားကာ " ဟင် "ဟု အာမေဋိတ်ပြုမိသွားလေသည်။

" တစ်ရှူးလေး ယူပေးပါဦး " ချန်ဟွေ့ဘက်မှ မေးခွန်းမေးမလာနိုင်အောင် ရွှီဟွိုက်စုန့် ကြားဖြတ်၍ပြောလိုက်သည်။

လျိုမောက်က ကုတင်နှင့်ပိုနီးသဖြင့် ရွှီဟွိုက်စုန့်အား တစ်ရှုးတစ်ဘူးလုံး ယူပေးလာလေသည်။ ထို့နောက် ချန်ဟွေ့ကို ပုခုံးပုတ်လိုက်ကာ " သွားရအောင် ၊ ရုံးမှာ အလုပ်တွေကျန်သေးတယ် " ဟုဆို၏။

ချန်ဟွေ့က ထွက်သွားပြီးခါမှ တံခါးအဝတွင် ရုတ်တရတ်ရပ်လိုက်ပြီး လှည့်ကာပြောလာလေသည် ။ " ဪ ၊ ဟုတ်သားပဲ ၊ စုန့်ကော မနက် ၃ နာရီလောက်က ပို့ထားတဲ့ အီးမေးလ်ကို ကျွန်တော် ဖတ်ကြည့်ပြီးသွားပြီ ၊ နောက်မှပဲ အကြောင်းပြန်ကြားလိုက်တော့မယ်နော် "

ထိုသို့ကြားလိုက်ရသောအခါ ရွမ်ယွီက အံ့ဩသွားမိသည်။

ယနေ့မနက် ၃ နာရီလောက်တုန်းက သူမ အိပ်ပျော်နေခဲ့သည်မှာ သေချာလေသည်။ ရွှီဟွိုက်စုန့်ကလည်း အိပ်ပျော်သွားသဖြင့် ဖုန်းမချခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည် မဟုတ်ပေဘူးလား ။

ထို့နောက် ရွှီဟွိုက်စုန့်က ပြန်မေးလိုက်သံကို ရွမ်ယွီ ကြားလိုက်ရသည် ။ " မနက် ၃ နာရီ ? မင်း ယောင်များယောင်နေတာလား "

လျိုမောက်က အမြန်ဝင်ပြောလိုက်လေသည်။ " ရှောင်ချန် မင်း အမှတ်မှားတာထင်တယ် ၊ အီးမေးလ်က ငါပို့လိုက်‌တာလေ "

ရွမ်ယွီ : " ..... "

မည်သို့သော ရှေ့နေများနှင့် လာပတ်သတ်မိနေတာပါလိမ့်ဟု ရွမ်ယွီ တွေးနေမိတော့သည်။ ထိုလူများက အီးမေးလ်ကိုပင် ဘယ်သူက ပို့လိုက်မှန်းကိုတောင် မသိကြချေ ။ သူတို့၏ အမှုသည်များအတွက် ရွမ်ယွီ စိုးရိမ်ပေးမိတော့သည်။

" ဪ ဟုတ်လား " ချန်ဟွေ့က တစ်ခေါင်းကုတ်ကုတ်ဖြင့် မရေမရာဟန်ဆိုလိုက်ရင်း ထွက်လာခဲ့လိုက်တော့သည် ။ ကားပါကင်ရောက်သောအခါမှ ပေါင်ကိုပုတ်လိုက်ပြီး ချန်ဟွေ့ ပြောလိုက်မိသည် ။ " မဟုတ်သေးပါဘူး အစ်ကိုမောက် ၊ အီးမေးလ်က စုန့်ကော ပို့လိုက်တာပါ "

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now