CHAPTER (7-1)

421 65 1
                                    

ဘယ်လိုပြောရမလဲ ။ ရွှီဟွိုက်စုန့်မှာ ဘယ်ကစပြောရမည်ကို မသိတော့ချေ။ နောက်ဆုံးတွင် စဉ်းစား၍ပြောလိုက်သည်။ "ပြောရမှာ နည်းနည်းတော့ရှုပ်တယ်"

"ရည်းစားဟောင်းထက်ပိုရှုပ်တဲ့ ဆက်ဆံရေး ဒီကမ္ဘာမှာရှိသေးလို့လား"

"ကြွေးရှင်နဲ့ ကြွေးမှီ ဆက်ဆံရေးကလည်း ရှုပ်တာပဲလေ "

လျိုမောက်သည် အံ့ဩလွန်းသဖြင့် မျက်လုံးများပြူပြူးသွားမိသည်။ ပြန်စဉ်းစားကြည့်မှ အဲ့လိုလည်း ဖြစ်နိုင်​တာပဲဟု တွေးမိလေသည်။

လျိုမောက်မှာ ရှေ့နေတစ်ယောက်ဖြစ်သဖြင့် လူမျိုးစုံတွေ့ခဲ့ဖူးကာ အကဲခတ်နိုင်စွမ်းလည်းရှိလေသည်။ ယနေ့အဖြစ်အပျက်အရဆိုလျှင် ရွမ်ယွီနှင့် ရွှီဟွိုက်စုန့်တို့မှာ အချင်းချင်းသိကြကြောင်းကို ခန့်မှန်းလို့ရနိုင်လေသည်။

အစကမူ ထိုနှစ်ယောက် အနေခက်အထိုင်ခက် ဖြစ်နေခြင်းမှာ ရည်းစားများဖြစ်ဖူးခြင်းကြောင့်ဟု ထင်ခဲ့သော်လည်း ယခုရွှီဟွိုက်စုန့်ပြောကာမှ အခြားအကြောင်းလည်းဖြစ်နိုင်ကြောင်း စဉ်းစားမိသွားလေသည်။

လျိုမောက်လည်း ရုတ်တရက် ထမေးလိုက်မိသည်။ "သူမက..... သူမက မင်းအပေါ် ပိုက်ဆံအကြွေးတင်နေတာလား"

ဤသို့ဆိုလျှင် ရွမ်ယွီမှာ နေမထိထိုင်မသာဖြစ်နေပြီး ရွှီဟွိုက်စုန့်အား မသိဟန်ဆောင်ကာ ရွှီဟွိုက်စုန့်ကလည်း ပုံမှန်ကဲ့သို့မဟုတ်ဘဲ မျက်နှာတည်ကြည်နေခဲ့ခြင်းမှာ မဆန်းတော့ပေ။

ရွှီဟွိုက်စုန့်မှာ လျိုမောက် သူ့စကားကို ယုံသွားသဖြင့် လှိုက်လှိုက်လှဲလှဲရယ်မောလျက် မဟုတ်ကြောင်း ပြောလိုက်သည်။

" ..... " လျိုမောက်မှာ ပြစ်မှုကျူးလွန်မိသွားသယောင် ခံစားလိုက်ရသည်။

"တစ်နေရာရာ သွားစားကြရအောင်လေ" ထပ်မေးလာမည့်မေးခွန်းများကို ရှောင်ရှားရန် ရွှီဟွိုက်စုန့် ကြားဖြတ်ပြောလိုက်သည်။

လျိုမောက်လည်း ရွေးချယ်စရာမရှိတော့ဘဲ ကားလီဗာကို နင်းလိုက်ရသည်။ ကားစတီယာရင်အား လှည့်နေစဉ်အတွင်း မနေ့ကအဖြစ်အပျက်ကို ပြန်စဉ်းစားကြည့်နေမိသည်။

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now