Chapter (1) part (1) တောသားမြို့တက်ခြင်း

1.2K 20 2
                                    

" ဖျောက်ဖျောက် ....ဖျောက် ဖျောက်...."

မိုး ဖွဲလေးများ အဆက်မပြတ်ကျပြီး လေပြေညင်း အနည်းငယ် ဝှေ့ကာ 'ဒေါ်သူဇာ' တို့ အကြော်တဲလေး ကို လှုပ်ရှားစေ လေတယ်
" ဝေါ.. ဝေါ... ဝေါ...ဝေါ"
​"ဟဲ့ သား 'မင်းမင်း' ဟိုဘက်ကဗန်းတွေ ယူပြီး ဒီဘက်က ကြော်ပြီးသား အကြော်တွေ လာအုပ်ပါအုံး မိုးတွေက သည်းကြီး မည်းကြီးရွာနေတာ ဘယ်တော့မှ ရပ်မှာလည်း မသိပါဘူးအေ ငါ့ဆိုင်တော့ အရင်းပြုတ်ပြီလားမသိဘူး "-' ဒေါ်သူဇာ' မှ သူ့ရဲ့ တဲတဲ သာကျန်တဲ့ အကြော်ဆိုင်လေး အရင်းပြုတ်မှာ ကြောက်၍ ပစ္စည်းတွေ ကိုအလျင်အမြန် သိမ်းနေသည်
"အမေ ကျွန်တော် ခဏ နေ ဘုန်းကြီး ဆီ သွား ရအုန်းမှာ အဲ့တာ လမ်းမှာ တခြား ဝယ်ခဲ့စရာတွေရှိသေးလား "-မင်းမင်း မှ သူ့အမေဘက်ကိုလှည့်၍ အကြော် တစ်ခု ကိုက်ကာမေးလိုက်သည်
"ဟဲ့ ငါမှ အရင်းပြုတ်မှာကြောက်လို့အကြော် ဗန်းသိမ်း ခိုင်းပါတယ် ဆို ဒီဝမ်းမနာသားလေးကတော့"
" အမေ ကလည်း ကျွန်တော် ကလမ်းမှာဗိုက်ဆာမှာ စိုးလို့ အဆာပြေ လေး စားမိတာကို "- မင်းမင်း မှ ပြုံးစိစိ နဲ့ ပြန် ​ဖြေ လိုက်သည်
ထိုစဥ် မိုး မှာလည်း သူမဟုတ်သည့်အတိုင်း အရွာစဲ သွားသည်
" သူဇာ ရေ သူဇာ အဘွား မြေး လေးအတွက် အကြော်လေး ငါးရာ ဖိုးလောက်" -ရပ်ကွက်ထဲမှ
ဘွားငွေ ဆိုသူ အသက် ၈၀ အဘွားကြီး သည် ဈေးမှ အပြန် အကြော်တဲထဲ ဝင်လာသည်
" အဘွား တို့ကတော့ ကျန်းကျန်း မာမာ ပဲနော်
ကျွန်မ ကတော့ သားသမီးတွေကို လုပ်ကျွေးရလွန်းလို့
အသက်ရှည်မယ်မထင်ပါဘူး ဘွားရယ်"- ဒေါ်သူဇာ မှ သူ့သားကို မျက်စောင်းထိုးရင်းပြောလိုက်သည်
" အမေ ကျွန်တော် သွားတော့ မယ် ဘုန်းကြီး က နောက်ကျရင် တစ်သက်လုံး မလာနဲ့တော့ တဲ့"- မင်းမင်း မှ သူ့အမေ ကိုလှည့် မကြည့်ပဲ ဆိုင်ကယ် ကိုဝရုန်း သုန်းကာ မောင်း တော့သည်
" ဒီခေ တ် ကလေး တွေကတော့ လေ ဘာ လုပ်လုပ် အလော သုံးဆယ်ကြည့်ပဲ "- ဘွားငွေ မှ ရင်မ ကာ မင်းမင်း ကို မြင်ကွင်းမှ ပျောက်ကွယ်သွားအောင်ကြည့်နေသည်
Unicode#
" ဖြောကျဖြောကျ ....ဖြောကျ ဖြောကျ...."

