(part6)

92 3 0
                                    

"မနက်စာ စားပြီးပြီ ဆိုတော့ ဘယ်ကိုသွားချင်သေးလဲ "-မေမြင့်မိုရ် မှ ကောင်းကောင်း ဘက်ကို လှည့်မေးလိုက်သည်
"မမ ကျွန်တော် shopping ထွက်ချင်တယ် အိမ်ထဲမှာနေတုန်း က shopping ထွက်ဖို့ကို စိတ်ကူးယဉ်ထားတာ"-ကောင်းကောင်း မှာ မျက်လုံးဝိုင်းဝိုင်းလေးနှင့် တောင်းဆိုလိုက်သည်
"အိမ်မှာလည်း မုန့်တွေကုန်နေပြီ ဆိုတော့ သွားကြတာပေါ့"
ဒီလို နှင့် လေးယောက်သား mall ထဲတွင် အကြာကြီးလမ်းလျှောက်ကာ shopping ထွက်ကြတော့သည်
"ငါထပ်ပြီး လမ်းမလျှောက်နိုင်တော့ဘူး ငါ နင်တို့ ကိုဆိုင်တစ်ခုခု မှာပဲထိုင်စောင့်တော့မယ်"-မေမြင့်မိုရ် မှာ ပြောပြောဆိုဆို လှည့်ထွက်သွားသည်
"အမ ကျွန်တော် ရောလိုက်မယ်"-မင်းမင်း မှာ မေမြင့်မိုရ်နောက်မှ ကပ်လိုက်လာသည်
"လာ.. လေ ကောင်းကောင်း ဘာရပ်ကြည့်နေတာလဲ အဝတ်အစား သွားဝယ်ရအောင်"-သွန်း မှ ကောင်းကောင်း ကို လက်ဆွဲကာ အဝတ်စားတန်းကိုသွားလေသည်
"မင်းမင်း နေမကောင်းဘူးလား ဒီနေ့ နင်ငြိမ်နေသလိုပဲ စကားလည်းသိပ်မပြောဘူး အပြင်ထွက်ရတာမကြိုက်လို့လား"-မေမြင့်မိုရ် မှ ကော်ဖီသောက်ပြီးမေးလိုက်သည်
"မဟုတ်ပါဘူး ကျွန်တော် နေကောင်း ပါတယ် ဒီတိုင်းမမြင်ဘူးတာတွေများလို့ ပြောစရာစကားတောင်ရှာမတွေ့တော့တာပါ"-မင်းမင်း မှာကော်ဖီ ခွက်ကို ငေးကြည့်ပြီးပြောနေသည်
Unicode #
