Chapter 9 (part1) စနောက်ခြင်း

102 5 0
                                    

"မင်း မမနဲ့ ဘာတွေပြောနေကြတာလဲ"-ကောင်းကောင်း မှ မင်းမင်းဘေးနားထိုင်ကာမေးလိုက်သည်
"ဘာမှ မပြောပါဘူး ဒီတိုင်း ဟိုဟိုဒီဒီစပ်မိစပ်ရာပေါ့"
-မင်းမင်းမှ မျက်နှာလွှဲကာပြောလိုက်သည်
"ငါခုနက အဝတ်အစားသွားဝယ်တုံးက မင်းအတွက်ပါဝယ်လာခဲ့တယ် နောက်တစ်ခါ အပြင်ထွက်ရင် ပုဆိုးကြည့်ပဲဝတ်စရာမလိုတော့ဘူးပေါ့"
"မင်းက ငါ့အတွက် စဉ်းစားပေးနေတာပေါ့ "-မင်းမင်းမှ ကောင်းကောင်းနားကပ်ကာမေးလိုက်သည်
"ဘာလဲ ငါက မင်းဒီလို ပုံတုံးကြီးနဲ့အပြင်အတူတူ မသွားချင်လို့"
"ရှက်နေတာလား ငါ့ကိုဂရုစိုက်ရင် ဂရုစိုက်တယ်ပေါ့ မူနေသေးတယ်"-မင်းမင်း မှ ပြုံးစိစိ ဖြင့် ကောင်းကောင်း ကိုပြောလိုက်သည်
ထိုစဉ် အနောက်မှ ကောင်မလေး က မင်းမင်း ကျော ကို တွန်းမိသွားသည်
"ခနတာငြိမ်သက် မှုများဖြင့် ကောင်းကောင်းမှာရှက်သွေးဖြန်းသွားသည် "
မင်းမင်းမှ ဒီဘက်ကိုလှည့်လာတဲ့ ကောင်းကောင်းရဲ့ နှုတ်ခမ်း ပါးလေးကို နမ်းလိုက်မိခြင်းကြောင့်ဖြစ်သည်
Unicode#
