(part2)

133 4 0
                                    

မှိုင်းမို့မို့ နှင့် အေးသော နေရာသို့ မင်းတိမ်လွှာ တစ်ယောက် စမ်းတဝါးဝါး လမ်းလျှောက်နေသည်
"ငါ ခုန ကမှ ဆေးရုံ လိုက်ပို့ပြီး ပြန်တဲ့ လမ်းမှာ ကားစီးနေတာပါ ဘာလဲဟ ငါ သေ သွားတာများလား "
မင်းမင်းတစ် ယောက် ယောင်လည်လည် နဲ့ လမ်းလျှောက်ရင်း စိမ်းစို မြင့်မား သော သစ်ပင် ကြီးတစ်ပင်ကို တွေ့သောကြောင့် ထူးထူး ဆန်ဆန်း ကြည့်ကာ လေ့လာနေသည်
ထိုစဉ် ခပ်ကုတ်ကုတ် နဲ့ ထိုင်နေသော ကောင်းကောင်း ကိုတွေ့လေသည်
"ဟဲ့ ကောင်းကောင်း မင်းရော သေ သွားတာလား
သေတာတောင် မင်းနဲ့ လာတွေ့ရတယ်လို့ ငါ့ကံ ကလည်း"-မင်းမင်း မှာသူ့အား ကျောခိုင်း ထားသော ကောင်းကောင်း ကို စကားတွေ ဆက်တိုက်ပြောနေသည်
"မင်းမင်း ငါ မသေချင်သေးဘူး ငါ ငါကြောက်တယ်
ဟင့်.... ရှုံ ရှုံ........ဟင့်.... ရွတ်... "-ကောင်းကောင်း မှာ ကလေးလေး တစ်ယောက်လို အော်ငို နေသောကြောင့် မင်းမင်း မှာသနားသွားပြန်လေသည်
"ငါ ငါ ကဒီတိုင်း စလိုက်တာပါ မင်းကလည်း အဲ့လောက်ထိ ဖြစ်သွားမယ် လို့ မထင်ထားလို့ မငိုနဲ့တော့ မင်း ယောက်ျား မဟုတ်ဘူးလား"
"မင်းမင်း ငါမင်းကို တောင်းပန် ပါတယ်ကွာ ငါ တကယ်တော့ဘဝမှာ တစ်ခါလောက်တော့ မင်းလိုသူငယ်ချင်း မျိုး ရချင်ခဲ့တာ ငါ ငါ အထီးကျန်နေခဲ့တာ
ငါ့ကိုနားလည်ပေးပါ "-ကောင်းကောင်း မှာ မျက်ရည်လေး တစ်စို့တစ်စို့ နှစ်ငိုနေ သောကြောင့် မင်းမင်း မှာ မတက်သာ ပဲထွေးပွေ့ပေးလိုက်သည်
Unicode#
