(part8)

117 6 0
                                    

ကျုံးရေပြင် ကိုတိုက်ခတ်လာတဲ့ လေပြည်အေးလေးက ကောင်းမြင့်မိုရ် ရဲ့ မှိုင်း ညို့ညို့ မျက်နှာ လေးကို ရွှင်လန်းအေး မြအောင်တိုက်ခတ်လိုက်သည်
"ဟား....ငါအပြင်မရောက် တာတောင် တော်တော် ကြာပြီပဲ ဒီလို အရသာမျိုးလေးကို လိုအပ်နေခဲ့တာ"
"မင်း ဒီလိုမျိုး ပြုံးတာငါမမြင်ရတာ ​တောင် တော်တော်ကြာပြီ မှတ်မိလား ဆေးရုံ မှာ စတွေ့တွေ့ ချင်းတုန်းက ပြုံးသလို မျိုးလေ"-မင်းမင်း မှာ ကောင်းကောင်း ကိုအကြည့်မလွှဲ ပဲ ပြော လိုက်သည်
"မင်း ငါ့ အပြုံး ကို တကယ် ချီးကျူး ပြီးပြော နေတာလား ဒါမှ မဟုတ် ငါနဲ့ ရင်းနှီးချင်လို့ တမင်သက်သက် လုပ်ပြီးပြောနေတာလား"-ကောင်းကောင်း မှာ မင်းမင်း ကို ပြန်ကြည့်ပြီးပြောလိုက်သည်
ထိုစဉ် ဆိုင်ကယ် တစ်စီး အရှိန်ဖြင့် သူတို့ရှိရာသို့ မောင်းလာ လေသည်
"အနောက်မှာ ဆိုင်ကယ် သတိထား"-မင်းမင်း မှာ ကောင်းကောင်း ကို တစ်ဖက်သို့ ဆွဲ လိုက်သောကြောင့် နှစ်ယောက်လုံး အရှိန်လွန်ကာ လဲကျသွားလေသည်
"မင်းအဆင်ပြေလား"-မင်းမင်း မှာကောင်းကောင်း ကို စိတ်ပူ၍မေးလိုက်ခြင်းဖြစ်သည်
"ခြေထောက် ရော အဆင်ပြေလား လက်ရော မျက်နှာရော ထိခိုက်သွားသေးလား"
"မင်းမင်း စိတ်လျှော့ပါအုံး ငါ အဆင်ပြေတယ် အဲ့ဒါထက် မင်းရဲ့ လက်ကို ပြန်ကြည့်အုံး"
မင်းမင်း လက်မှာ ကတ္တရာ လမ်းနှင့် ပွတ်ဆွဲမိသလို ဖြစ်ပြီး အနည်းငယ် ဒဏ်ရာ ရသွားလေသည်
Unicode #

