(part4)

207 5 0
                                    

မင်းမင်းမှာ ဘွားတင်ကိုကြည့်၍ သနားနေသည်
စိတ်ထဲ ၌ သူ့ထက် ကံဆိုး တဲ့သူရှိသေးပါလား ဟူသော အတွေး ဖြင့် ထိုနေ့ညတော့ အတွေးများပြီးအိပ်မရခဲ့ ပေ
နောက်နေ့မနက်၌ ဆေးရုံ သို့ ဘုန်းကြီး ဖြင့် သွားကာ
ဒေါ်ဝေဝေလွင် တို့ သားအမိနှစ်ယောက် ကိုအိမ်ပြန်ခိုင်းလိုက်သည်
"ဘုန်းဘုန်း တပည့်တော် မှာတော့ ဆင်းရဲ တာကိုကံဆိုးလှပြီ ထင် တာ ချမ်းသာတဲ့ သူတွေလည်းသူ့အပူနဲ့ သူရှိတာပဲ နော်"-မင်းမင်း မှ ဘုန်းကြီး အား ရုပ်တည်ကြီး ဖြင့် တွေးကာ ပြောနေလေသည်
" ဘုန်းကြီး မှာလည်း ဒီ လောကီ ရေးရာ တွေ ကို နားမလည်တော့ ပါဘူး မင်းမင်းရယ် ကဲ ငါ အိမ်သာ ခဏသွားလိုက်အုန်းမယ်"-ဘုန်းကြီး မှာပြောရင်းဆိုရင်း ထ ထွက်သွားလေသည်
မင်းမင်း မှာ လူနာ ဘေးက ခုံ တွင်ထိုင်ကာ ကောင်းမြင့်မိုရ် ကို အကဲခတ်နေသည်
"အော်... ရုပ်လေးကလည်း ကြည့်ကောင်း ပါတယ်
အသားအရည် ကလည်း ကြည်လင်လို့ လက်လေး တွေ ကလည်း ကလေးလက်လို သေးသေး လေးနဲ့ နူးညံ့ နေတာပဲ ငါ့လက်တွေနဲ့များကွာပါ့" "ဒီလို ပြည့်စုံ နေတဲ့ လူလိုမျိုးမှာ အသက်ငယ်ငယ် လေးနဲ့ စိတ်ဆင်းရဲ စရာတွေများလိမ့်မယ်လို့ ကိုမထင်ထားဘူး"
မင်းတိမ်လွှာ မှာ ကောင်းမြင့်မိုရ် ကိုကြည့်၍ သနားနေသည်
Unicode #

