Chapter 4(part 1)သူရဲ့ ပုံစံမှန်

181 3 0
                                    

လေပြည် လေညင်း လေးတစ်ခု သာယာ စွာ တိုက်ခတ်ကာ မင်းမင်း ၏မျက်နှာ ပေါ်သို့ နေအလင်း ရောင် က စူးကနဲ ကျလာသည်
" မင်းမင်း ထတော့ ဒီနေ့ တူလေးက ဆေးရုံ ကဆင်းတော့မှာ သွားကြို ရအောင်လို့ ထတော့ "-ဘုန်းကြီး မှ မင်းမင်း အားအလောသုံးဆယ်နှိုးလိုက်သည်
ထို့နောက် ဆေးရုံ သို့ရောက်သော် ဒေါ်ဝေဝေလွင် တို့ မိသားစုလိုက်ကိုတွေ့လေသည်
"ဘုန်းဘုန်း တို့ကတော့ ကျန်းမာရွှင်လန်းဆဲပဲနော်"-

အရပ်ပုပု နှင့် ဦးပတိ ရုပ်ကြည့် ကောင်းသော လူက ဘုန်းကြီး အား ပြုံးရွှင် စွာနှုတ်ဆက် လေသည်
" ဟာ ဒကာကြီး ဘယ်တုန်းက ပြန်ရောက်နေတာလဲ"
" ဒီနေ့မနက် ကပါဘုရား သားလေး သတင်း ကြားတော့ အပြေးပြန်လာခဲ့တာ အခု မှ သူအ ဆင်ပြေ တာသိရတော့ အမောကိုပြေသွားတာပဲ"-ဦးရဲရင့်မိုရ် မှ သူ့သား ကောင်းမြင့်မိုရ် ကိုကြည့် ၍ပြော လိုက်သည်
"ဒါနဲ့ ဒီဘက် က မောင်ရင်က ဦး ရဲ့ သားကို ဆေးရုံ တက်နေတဲ့ တစ်လျှောက် လုံး စောင့်ရှောက်ခဲ့တာလား"-ဦးရဲရင့်မိုရ် မှ မင်းမင်း အားလက်ညိုး ထိုး၍ပြော လိုက်သည်
"ဟုတ်ပါတယ် ဦးလေး ကျွန်တော့် နာမည် မင်းတိမ်လွှာ ပါ"
Unicode #


