(part6)

125 5 0
                                    

ထိုစဉ် မင်းမင်း မှာ ထမင်းဗန်း ကြီး ကိုင်ပြီးရောက်လာသည်
"ဟုတ်ကဲ့ ကိုကောင်းမြင့်မိုရ် ခင်ဗျ ထမင်း သုံးဆောင်လို့ရပါပြီ"-မင်းမင်း မှာစပ်ဖြီးဖြီး နဲ့ စလိုက်သည်
"ငါ့ ကို အဲ့လို ရွဲ့ တဲ့မင်း ကို ကျေးဇူးတင်ပါတယ်လို့"-ကောင်းကောင်းမှာ လည်း ရွဲ့ ပြုံး ပြုံး ပြလိုက်သည်
"အမေ့ အမြင် သားတို့ နှစ်ယောက် က အရင်ကထက် ပိုရင်းနှီးနေသလိုပဲ"
ကောင်းကောင်း မှာ မျက်လုံးကြီး ပြူးပြီး အံသြ သလိုပုံစံဖြင့် သူ့အမေအားကြည့်နေသည်
"ဟုတ်တယ်မလားအန်တီ ကျွန်တော်တောင် သူ့ကို ခုန ကအဲ့တာပြောနေတာ "-မင်းမင်းမှာ ဂုဏ်ဆာသော ရုပ်ကြီးဖြင့် ပြောနေလေသည်
"မဟုတ်ပါဘူး ဆို လူတိုင်းက ဘာလို့ဒါပဲပြောနေကြတာ လဲ""ကျွန်တော် လားသူနဲ့ ရင်းနှီးမှာ"
-ကောင်းကောင်း မှာ မျက်မှောင်ကြီးကြုံ့ ကာ  ပြောနေသောကြောင့် ဒေါ်ဝေဝေလွင် မှာ မနည်းချော့လိုက်ရသည်
"အမေ ပြော စရာရှိလို့ နောက် နေ့ ညနေပိုင်း တွေဘက် ဆိုရင် သား ကို ကျုံးဘေး ခေါ်သွားပြီး လေ့ကျင့်ခန်း လေးလုပ်ခိုင်း မလားလို့ စိတ်ပျော်သွားအောင်လေ အိမ်ထဲမှာကြည့်နေရင် ငြီးငွေ့နေမှာစိုးလို့ "
"ဟုတ်ကျွန်တော် အဆင်ပြေပါတယ် အခုတောင် ကိုယ့်အားကို ကိုးပြီးလမ်းပြန် လျှောက်နိုင် မယ်လို့ခံစားရတယ်"-ကောင်းကောင်း မှာ သဘောကျဟန် ပြန်ပြောလိုက်သည်
"အန်တီ ကျွန်တော် ရော လိုက်လို့ ရလား"
"ဒါပေါ့ မင်းက လိုက်ခဲ့ ရမှာပေါ့"-မင်းမင်း မှာ အမြီးနှံ နေသော ခွေးလေးလို ပျော်ရွှင်သွားသည်
Unicode #
