(part4)

110 4 0
                                    

"ကောင်းကောင်းငါပြောမယ် သေချာနားထောင်နော်"
-မင်းမင်းမှာ ကောင်းကောင်းဘက်ကို လှည့်၍အသေအချာစိုက်ကြည့်လိုက်သည်
"တစ်ခါတစ်လေ  မင်းရင်ထဲမှာ ဖြစ်နေတဲ့အရာကို သူများတွေသိ​ အောင် ထုတ်ဖော်ပြောဖို့ဝန်မလေးသင့်ဘူးလို့ငါထင်တယ်"
"ဒါပေမယ့် ငါသူတို့ကို စိတ်ပျက်အောင်လုပ်မိခဲ့ရင်ရော"
"အဲ့လိုဖြစ်စေခဲ့ရင်လည်း ပြန်တောင်းပန်လိုက်ပေါ့ သူတို့တွေ မင်းကိုဘယ်တော့မှ စိတ်ဆိုးမှာမဟုတ်ဘူး မင်းလည်း မင်းဘဝနဲ့မင်း ဖြစ်ချင်ပြောချင်တဲ့အရာတွေကို ပြောပိုင်ခွင့်ရှိတယ် လို့ငါထင်တယ်"
"ငါ့ကိုပဲ ကြည့်လေ ပြောချင်တာကို ပြောတယ် စားချင်တာကိုစားပြီး ကိုယ့်ဘဝနဲ့ကို အသက်ရှင်နေတာပဲလေ "
"မဟုတ်လို့လား"-"မင်းမင်း မှာ ကောင်းကောင်း ကို မေးငေါ့ကာ ပြောလိုက်သည်
"ငါ တကယ်လို့ များ.."
"no no no တကယ်လို့ တွေ ဒါပေမယ့်တွေ မရှိသင့်ဘူးနော်"-မင်းမင်းမှာ ကောင်းကောင်းပါးစပ်ကို လက်နဲ့ပိတ်ကာပြောလိုက်သည်
"ငါ ကြိုးစားကြည့်ပါ့မယ်"-ကောင်းကောင်း မှာ မေမြင့်မိုရ် ကို ငေးကြည့်ပြီးပြောလိုက်သည်
Unicode #
