Chapter(3)part(1) ပထမဆုံး အကြိမ်

239 7 0
                                    

"ဆရာ သူ့အခြေအနေ ဘယ်လိုနေသေးလဲ "-ဒေါ်ဝေဝေလွင် မှ ဆရာဝန် အား စိုးရိမ်တကြီး မေးလိုက်သည်
"သူ အခုတော့ အဆင်ပြေသွားပါပြီ ဆေးရုံမှာ တစ်ပတ်လောက်တော့ နေစေချင်သေးတယ် အခု က လက်ကောက်ဝတ်က ဒါဏ်ရာ က သိပ်မနက် တာရယ်
အချိန်မှီ သိလိုက်တာရယ်ကြောင့် ကံကောင်းတယ်လို့ပဲပြောရမလား" " ကျွန်တော် လည်း တခြားလူနာရှိသေးလို့ သွားလိုက်ပါအုံးမယ်" -ဆရာဝန်မှ ဒေါ်ဝေဝေလွင် အား ကောင်းမြင့်မိုရ် အခြေအနေ ကို ရှင်းပြနေသည်
"သားရယ် ဘာ တွေများ အဆင်မပြေ တွေ ဖြစ်နေတာလဲကွယ် ဒီတိုင်းဆိုမင်း ကိုတစ်ယောက် တည်းထားလို့မဖြစ်တော့ပါဘူးအေ" -ဒေါ်ဝေဝေလွင် မှာဆေးရုံ ကုတင်ပေါ် ၌မျောနေသော သူ့သားကိုကြည့်ကာ စိတ်ဆင်းရဲနေသည်
"အမေ ရယ် မောင်လေးအဆင်ပြေသွားမှာပါ အခုကအခြေအနေ သိပ် မကောင်း သေးလို့ပဲ ဖြစ်မှာပါ သမီး စိတ်ကုထုံး ဆရာဝန် တစ်ချို့နဲ့ဆက်သွယ်ကြည့် လိုက်ပါ့မယ် စိတ်မပူပါနဲ့နော်"-မေမြင့်မိုရ် မှာ မောင်ကိုတစ်ဖက် အမေကို တစ်ဖက်ကြည့် ရင်း စိတ် ဖြေ နေရသည်
Unicode #

