(part3)

98 5 0
                                    

"ငါလေ လင်းညို့ပိုင် "
"လင်းညို့ပိုင် " ငါကြားဖူးသလိုပဲ မနှစ်က နာမည် စာရင်းခေါ်တုန်းကတော့ ကြားမိတယ် ထင်တာပဲ
"ကောင်းကောင်း ဒီမှာ ဘာလုပ်နေတာလဲ အတန်းထဲ ဝင်ရအောင်လေ "-မင်းမင်း မှာကောင်းကောင်း ကို အနောက်မှ လည်ပင်းကိုလှမ်းဖက်ကာ "လင်းညို့ပိုင် " ကို စိုက်ကြည့်နေသည်
"ကောင်းကောင်း သူက ဘယ်သူလဲ"-လင်းညို့ပိုင် မှ မနှစ်မြို့သော အကြည့်ဖြင့် မင်းမင်း ကိုကြည့်လိုက်သည်
"ငါ့နာမည် မင်းတိမ်လွှာ မင်းကရော ဒီအတန်းက ပဲလား "
"မဟုတ်ပါ ဘူးဒီတိုင်း ကောင်းကောင်း ကိုလာနှုတ်ဆက်တာလေ မနှစ်က ကောင်းကောင်း က ငါ့ကို တအားခင်တာလေ အခုလို မမှတ်မိတော့ နဲနဲလေးစိတ်မကောင်းဖြစ်မိပေမယ့် ငါသွားတော့မယ် နော် ပြီးမှ ပြန်လာခဲ့မယ်"-လင်းညို့ပိုင် မှာ မြန်မြန်လှည့်ထွက်သွားသည်
"အဟမ်း...အဟမ်း သားလေးတို့ ဒီနေ့ ဆရာမ စာသင်ဖို့ လမ်းလေးနဲနဲလောက် ဖယ်ပေးပါလား"-ဆရာမ မှိုင်း မှ အတန်းအပေါက်ဝကို ပိတ်ရပ်နေသော မင်းမင်း တို့ကို ပြောလိုက်သည်
"အော် ဆရာမ ကန်တော့ ကန်တော့ မမြင်လို့ ဝင်လို့ရပါတယ် "-မင်းမင်း မှာ ဆရာမ ကို လမ်းဖယ်ရင်းပြုံးပြလိုက်သည်
"ကလေးတို့ ဒီနေ့က ကျောင်းပထမဆုံး ဖွင့်တဲ့နေ့မို့လို့ စာသိပ်မသင်ပဲ တစ်ယောက်နဲ့တစ်ယောက် သိအောင် အတန်းရှေ့ထွက်ပြီး ကိုယ့်ရဲ့နာမည် ကို ပြောရမယ်"
"ဆရာမ နာမည် ကတော့" မှိုင်းမို့မို့သာ" ပါ "
"ဆရာမ ကအပျိုကြီးလား"- ရှေ့ဆုံးတန်းမှ ကောင်လေးတစ်ယောက်က လက်ထောင်ပြီးမေးလိုက်သည်
"ဆရာမ က လောလောဆယ် တော့ ယောက်ျား မရှိသေးပါဘူး အနာဂတ်မှာ ရှိလာနိုင်တာမို့ ဆရာမ ကို ဒီလိုမေးခွန်းတွေ ခနခန မမေးပါနဲ့"-ဆရာမ မှိုင်း မှာ မဲ့ပြုံးကြီး ပြုံးကာပြောလိုက်သည်

#Unicode

