(part2)

213 2 0
                                    

"ဘုန်းဘုန်း သူတို့မိသားစုက ဘာပြဿနာတွေများ ရှိလို့ ဒီလောက်တောင် စိတ်ဆင်းရဲနေရတာလဲ တပည့်တော်  တော့ ဆေးရုံ သာလိုက်လာရတာ ခုချိန်ထိဘာမှမသိသေးဘူး"-မင်းမင်း မှ ခေါင်း ကုတ်ကာ ဘုန်းကြီးအားတိုးတိုး တိတ်တိတ် မေးလိုက်သည်
ထိုစဥ် ဘုန်းကြီးမှ သူ့အား ပြီးမှ ပြောမည် ဟူသော အထာ ဖြင့် ပြောကာ လက်ကာပြလိုက်သည်
ဤသို့ ဖြင့် ဒေါ် ဝေဝေလွင် တို့ သားအမိနှစ်ယောက် ဆေးရုံစောင့် နေရစ်ခဲ့ပြီး ဘွားတင် မအေးမြင့် မင်းမင်း နှင့် ဘုန်းကြီး တို့မှာ အိမ်ပြန်လာခဲ့သည်
အိမ်သို့ရောက်သော် ဘွားတင်မှ ဧည့်ခန်း ၌ ခဏထိုင်ကာ အမောဖြေ နေသည်
" ဒကာ မကြီး  အဆင်ပြေ ရဲ့လားကွဲ့ မောနေရင်လည်း သွားနားလိုက်ပါလား"-ဘုန်းကြီး မှ ဘွားတင်အား နားချလိုက်သည်
" ဘုန်းဘုန်း ဘုရား တပည့်တော်မှာ ဒီမြေးယောက်ျား လေး တစ်ယောက်ပဲရှိတာ သူတစ်ခုခု ဖြစ်လို့ ကတော့ စိတ်ဖြေ နိုင်မယ်မထင်ပါဘူးဘုရား"
" အဘွား တင် ရဲ့မြေး က ဘာဖြစ်လို့လဲ ကျွန်တော် အခုထိ ဘာဖြစ်မှန်း နားမလည် သေးလို့" -မင်းတိမ်လွှာ မှ စပ်စုလိုစိတ်ဖြင့် မေးခြင်းဖြစ်သည်
Unicode #

