(part6)

128 4 0
                                    

"သြော်ဒါနဲ့ သား ကောင်းကောင်း နိုးပြီလား ဒီနေ့သူ့ ကို ဆေးရုံမှာ ဆေးစစ် ဖို့ခေါ်သွား ရမှာ သွားနှိုး လိုက်ပါအုံး"
"ဟုတ် အန်တီ"-မင်းမင်း မှာ မြောက်ကြွမြောက်ကြွနဲ့ အပေါ်ထပ်တက်သွားသည်
"ကောင်းကောင်း ရေ မင်းအမေ က ထတော့ တဲ့"
မင်းမင်း မှာ တံခါးတောင်မခေါက်ပဲ ဝင် လိုက်သည်
မနက်ခင်း နေရောင် ခြည် မှာ ကောင်းကောင်း  ၏ အခန်းထဲသို့ ကောင်းစွာကျရောက် နေသည်
"အော် သူက မထသေးဘူးပဲကိုး"-မင်းမင်းမှာ ကောင်း​
​ကောင်း မျက်နှာကို နီးကပ်စွာ စူးစိုက်ကြည့်ပြီး ပြောနေသည်
" သူ့ရဲ့အကျင့်စရိုက် ကသာ သူအိပ်နေသလို မျိုးလေးဆိုရင် ငါ သူ့ကို နေ့တိုင်းထိုင် ကန်တော့ မိမှာ  အခုတော့ ဒီမှာနေ တာတောင် သုံးလပြည့်တော့မယ် ခုချိန်ထိ သူနဲ့ မရင်းနှီးသေးဘူး...သနားစရာ အထီးကျန် တဲ့ ငါ့ဘဝလေး.."-မင်းမင်း မှာ သက်ပြင်း တွေ
တဟူးဟူး ချနေသည်
ထိုစဉ် ကောင်းကောင်း မှာမျက်ခွံများ လှုပ်လာသောကြောင့် နောက်ဆုတ်ကာ ချောင်းဟန့်လိုက်သည်
"အဟမ်း...အဟွတ်...ဟမ်း.."
"အဲ့တာ ဘာဖြစ်နေတာလဲ စောစောစီးစီး သူများအခန်းလာပြီး ဆူညံ နေတာ ပဲ ဘာလဲ မင်း အလုပ်ထွက်တော့ မလို့ ငါ့ ကိုလာနှုတ်ဆက်တာလား "-ကောင်းကောင်း မှ အိပ်ချင်မူးတူးဖြင့် မျက်လုံးမှိတ်ကာ ပြောလိုက်ခြင်းဖြစ်သည်
Unicode #

